အာဏာသိမ်းစစ်ကောင်စီ မင်းအောင်လှိုင်ခန့်အပ်ထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက် ၃ နာရီ ဝန်းကျင်တွင် အမှတ် ၂ ကုတင် ၁၀၀၀ စစ်ဆေးရုံတွင် သေဆုံးခဲ့သည်ဟု သိရသည်။
ယမန့်နေ့ ဩဂုတ် ၅ ရက်ကလည်း ၎င်း၏ ကျန်းမာရေး အခြေအနေ စိုးရိမ်ရသည်ဟု စစ်ကောင်စီမှ သတင်းထုတ်ပြန်ခဲ့သည်။ ဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson’s Disease)နှင့် အာရုံကြောအားနည်းရောဂါတို့အား စတင် ခံစားလာခဲ့ရသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင် ဆေးကုသမှုများ ခံယူခဲ့ရသည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်မှ ၂၀၁၆ မတ်လ အထိ ရန်ကုန်တိုင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ မတ်လ ၃၀ ရက်တွင် ဒုတိယသမ္မတ အဖြစ် တာဝန်ထမ်းထောင်ခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှ စတင်၍ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ ခန့်အပ်မှုဖြင့် ယာယီသမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၎င်း ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ် ရှိပြီဖြစ်သည်။