• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရခိုင်ရှိ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် ရေလုပ်သားများ မကြာခဏ ဖမ်းဆီးခံနေရ
  • ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း
  • ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်‌ဟောင်း ကျောင်းသူ ထောင်အတွင်း ကျဆုံး
  • မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး
  • ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း(ရုပ်သံ)
  • ဆားလင်းကြီးမြို့နယ်တွင် ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်
  • ကျောက်ဖြူရဲတပ်ရင်းအနီး တိုက်ပွဲ စစ်ကောင်စီက စက်တပ်လေထီး၊ ဒရုန်း အများအပြားသုံး ခုခံ
  • ကြည်းတပ်၊ ရေတပ်ပေါင်း၍ သပိတ်ကျင်းကို စစ်ကောင်စီ ထိုးစစ်ဆင်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း
ဆောင်းပါး

ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း

thanlwinkhetBy thanlwinkhetJuly 21, 2025No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မောင်လှိုင်း

တအာင်းလွတ်မြောက်ရေးတပ်မတော်-TNLA သည် ၎င်းတို့ သိမ်းပိုက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှ ဆုတ်ခွာပေးလိုက်ရခြင်းသည် ယခင်မန္တလေးကို သိမ်းမည်ဟု ကြွေးကြော်ခဲ့သည့် နွေဦးတော်လှန်ရေးတပ်များအတွက် ပိုမိုခက်ခဲသွားစေခဲ့သည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၏ နေရာအများစုကို ပြန်လည် ထိန်းချုပ်လိုက်သည်ဟု TNLA နှင့် နီးစပ်သော မြေပြင်သတင်းအရင်းအမြစ်များမှ ပြောသည်။ ယင်းနောက်  TNLA မှ ဇူလိုင် ၁၆ ရက်တွင် ၎င်းတို့၏ ဌာနဆိုင်ရာရုံးများကို ရွှေ့ပြောင်းထားသည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကောင်စီကလည်း နောင်ချိုမြို့အား ဇူလိုင်လ ၈ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ဇူလိုင် ၁၆ ရက် တစ်ပတ်ကျော်အကြာတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

နောင်ချိုမြို့မှ TNLA ဆုတ်ခွာလိုက်ရခြင်းသည် လားရှိုးနှင့် နောင်ချိုမြို့များကြားရှိ ကျောက်မဲ၊ သီပေါမြို့များတွင် စစ်ရေးအပြောင်းအလဲများဖြစ်ပေါ်လာနိုင်သလို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များအတွက် နယ်မြေထိန်းချုပ်မှုနှင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ၊ ထောက်ပို့လမ်းကြောင်း အပြောင်းအလဲများဖြစ်ပေါ်လာနိုင်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်ပြောကြဆိုသည်။

မန္တလေး၏ တံခါးဝ

တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်များသည် နောင်ချိုမြို့အား ၂၀၂၄ ခုနှစ် ဇူလိုင် ဒုတိယအပတ်တွင် သိမ်းပိုက်ခဲ့ပြီးနောက် နောင်ချိုမြို့ အရှေ့တောင်ဘက် တောင်ခမ်းရှိ စစ်ကောင်စီ၏ အမြှောက်ကွပ်ကွဲရေးတပ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် တရုတ်ဖိအားကြောင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင် ထိုးစစ်များ ရပ်ဆိုင်းလိုက်ရသည်။

TNLA ထိုးစစ်ရပ်ပြီးနောက် စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်ကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စစ်မှုထမ်းတပ်သားများ၊ ပြည်သူ့စစ်သားများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောင်ချိုမြို့ကို TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထိန်းချုပ်ထားခြင်းသည် ရှမ်းပြည်နယ်အရှေ့ပိုင်း ရပ်စောက်ဒေသမှတဆင့် ကျောက်ဆည်၊ စဉ့်ကိုင်စသည့် လွင်ပြင်ဒေသကို ထိုးဖောက်နိုင်မည်ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီ၏ စစ်တက္ကသိုလ် ရှိသော ပြင်ဦးလွင်ကို ခြိမ်းခြောက်နိုင်ပြီး နောင်ချိုအနောက်ဘက်ရှိ မန္တလေးတိုင်း အညာလွင်ပြင်သို့ တော်လှန်ရေးတပ်များမှ ဖြန့်ကျက် ဆင်းနိုင်မည်ဖြစ်ကာ ထိုမှတဆင့် မန္တလေးမြို့အား စစ်ရေးအရ ခြိမ်းခြောက်နိုင်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

ထိုကြောင့် နောင်ချိုမြို့အား လက်လွှတ်လိုက်ရခြင်းသည် ရှမ်းအရှေ့နှင့် တအာင်းထိန်းချုပ်နယ်မြေ ထောက်ပို့လမ်းများကို ပိုမိုခက်ခဲစေမည်ဖြစ်ပြီး ရှမ်းအရှေ့ဒေသနှင့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းဒေသများကို ဆက်သွယ်ပေးထားသည့် ထောက်ပို့လမ်းကြောင်းများသည် အကန့်အသတ်နှင့် ဖြစ်လာမည်ဖြစ်သည်။ လက်ရှိ အချိန်တွင်လည်း မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းဒေသများကို နောင်ချိုမြို့ထိုးစစ်နှင့်အတူ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သော အမျိုးသမီးတစ်ဦးက ပြောသည်။

“မတ္တရာ အရှေ့ခြမ်း သပိတ်ကျင်း၊ စဥ့်ကူးကတော့ နေ့တိုင်းပစ်ခံနေရတာပဲ၊ လေကြောင်းကနေပဲ တအားကို ပစ်ခတ်နေတာ ဒီမနက်ကို အိပ်ရာနိုးတော့ မတ္တရာအရှေ့ခြမ်းက ခုနစ်ကြိမ် ရှိပြီ ကိုးကြိမ်မြောက်ပြီးမှပဲ ပြန်တော့တယ်” ဟု ၎င်းက ပြောသည်။

သပိတ်ကျင်းမြို့ပေါ်နှင့် မြို့နယ် နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်မှလည်း သပိတ်ကျင်းမြို့နယ်ရှိ ၎င်းတို့၏ လက်ကျန်စခန်း သုံးခုအား လူအင်အား၊ လက်နက်အင်အားဖြည့်တင်းလျက်ရှိသည်။ လက်ရှိအခြေနေတွင် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော သပိတ်ကျင်းမြို့နယ်ရှိ နေရာများကို ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် နှစ်ဖက်တပ်များကြား တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ထို့ကြောင့် စစ်ကောင်စီသည် မန္တလေးမြို၏ မြောက်ဘက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စသည့် မိုင် ၂၀ ကျော်ဝန်းကျင်တွင် တော်လှန်ရေးတပ်များ အခြေချလှုပ်ရှားသည့် နေရာဒေသများနှင့် ရှမ်းမြောက် နောင်ချို ဒေသတို့အား ၎င်းတို့၏ ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်သိမ်းပိုက်နိုင်ရန် တပြိုင်တည်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု စစ်ရေး အကဲခတ်များက သုံးသပ်ကြသည်။

ကုန်သွယ်စစ်လမ်း

နောင်ချိုမြို့သည် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းမကြီးဘေး၌ တည်ရှိပြီး TNLA ဦးဆောင်သော တော်လှန်ရေးတပ်များအတွက်သော်လည်းကောင်း၊ စစ်ကောင်စီအတွက်သော်လည်းကောင်း စစ်ရေး၊ နိုင်ငံရေးအရ အရေးပါသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

စစ်ကောင်စီက နောင်ချို့မြို့အား ပြန်လည်ထိန်းချုပ်မည်ဆိုလျှင် နောင်ချိုမြို့နှင့် လားရှိုးမြို့ကြားရှိ ကျောက်မဲနှင့် သီပေါမြို့တို့အား ဆက်လက်ထိုးစစ်ဆင်လာနိုင်သည်ဟု မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ (MDSI) တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ပြောသည်။

“TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါရဲ့ အရှေ့ဘက်တခြမ်းလုံးမှာလည်း စစ်ကောင်စီတပ်တွေက စစ်ရေးပြင်ဆင်နေတာတွေ ရှိတယ်ပေါ့လေ။ မြေပြင်မှာလည်း ကျောက်မဲ၊ သီပေါကို သုံးဘက်ညှပ် ထိုးစစ်ဆင်လာနိုင်တယ် ယူဆတယ်ပေါ့” ဟု ၎င်းက ပြောသည်။

တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းမကြီးဘေးရှိ နောင်ချို-ကျောက်မဲ-သီပေါ-လားရှိုး တလျှောက် မြို့များတွင် လားရှိုးမြို့အား စစ်ကောင်စီက တရုတ်နိုင်ငံ၏ အကူအညီဖြင့် ပြီးခဲ့သည့် ဧပြီလတွင် ပြန်လည်ဝင်ရောက်တပ်စွဲထားခဲ့သည်။ ပြီးခဲ့သည့် မေလ နှင့် ဇွန်လတို့တွင် စစ်ကောင်စီမှ လားရှိုးမြို့ပေါ်တွင် စစ်အင်အား၊ လက်နက်ကြီးများ တပ်ဆင်၍ စစ်ရေးပြင်ဆင်လျက်ရှိသည်ဟု လားရှိုးမြို့ခံများက ပြောသည်။

ထို့အပြင် နောင်ချို-ကျောက်မဲ- သီပေါမြို့များ၏ အရှေ့ဘက်တလျှောက်ရှိ နမ့်လန်၊ မိုင်းရယ်ဒေသများတွင် စစ်ကောင်စီတပ်များသည် စစ်ရေးပြင်ဆင်မှုများရှိသည်ဟု CDM ဗိုလ်မှုးနောင်ရိုးက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီသည် ကျောက်မဲ၊ သီပေါနှင့် ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့များကို ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေသည်ဟု စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

တရုတ်နိုင်ငံ၏ ကမကထပြုလုပ်မှုဖြင့် စစ်ကောင်စီနှင့် TNLA တို့သည် ယခုနှစ် ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဖက်တပ်များသည် တဖက်သတ် ယာယီအပတ်အခတ်အရပ်စဲသည်ဟု သုံးကြိမ်ထက်မနည်း အပြန်အလှန်ထုတ်ပြန်ကြေညာခဲ့သော်လည်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြသည်။ ထို့ကြောင့် တရုတ်နိုင်ငံမှ ဇွန်အလအတွင်း၌ TNLA နှင့် စစ်ကောင်စီတို့ကို သီခြားခေါ်ယူ၍ အပစ်ခတ်ရပ်စဲရန် ခေါ်ယူနားချခဲ့သည်။

“ ဒီနေရာတွေက တရုတ်က လုပ်ချင်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်တဲ့အတွက် ဒီနေရာတွေက ပြဿနာ တက်နိုင်တယ်၊ အခုလက်ရှိ အခြေနေတွေအရဆိုရင် ပိုပြီးတော့တောင်မှ စစ်ကောင်စီဘက် ရွေးကောက် ပွဲပြန်လုပ်လာနိုင်တဲ့ အခြေအနေအထိ အားတက်လာနိုင်စရာတွေရှိပါတယ်” ဟု မြန်မာ့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ဧပြီလ ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးလမ်းမကြီးဘေးတလျှောက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့ သုံးမြို့အပါအဝင် မိုးကုတ်နှင့် မိုးမိတ်မြို့များမှ TNLA တပ်များ ဆုတ်ခွာပေးရန် စစ်ကောင်စီဘက်က တောင်းဆိုခဲ့သည်။ TNLA မှ ယင်းတောင်းဆိုမှုကို ငြင်းပယ်လိုက်သောကြောင့် ဆွေးနွေးပွဲအား လာမည့် ဩဂုတ်လသို့ ရွှေ့ဆိုင်းလိုက်သည်။

တရုတ်နိုင်ငံ၏ လိုလားချက်သည် ရခိုင်ပြည် ကျောက်ဖြူမှတဆင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းမကြီးတလျှောက်တွင် တည်ငြိမ်အေးချမ်းရေးစွာ ကုန်သွယ်ရေးနှင့် စစ်ပွဲပဋိပက္ခဒေသများရှိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ဘေးကင်းလုံခြုံရေးဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။

စစ်ကောင်စီက တိုက်ရည်ခိုက်ရည်ကောင်းလာတာလား

စစ်ကောင်စီသည် ၁၀၂၇ ပထမ၊ ဒုတိယ စစ်ဆင်ရေးအတွင်း၌ ၎င်းတို့၏ အမှားများကို ပြန်လည် ပြင်ဆင်လာခဲ့ခြင်း၊ သာလွန်စစ်အင်အား၊ နည်းပညာနှင့် လေကြောင်းပစ်ကူများ အားကောင်းလာသည်ကို တွေ့ရပြီး လျော့နည်းသွားသည့် တပ်သားအရေအတွက်ကိုလည်း စစ်မှုထမ်းဥပဒေနှင့် တပ်သားအင်အား ပြန်လည်ဖြည့်တင်းလျက်ရှိသည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ထို့အပြင် စစ်ကောင်စီသည် မကွေး၊ စစ်ကိုင်းဒေသများအား ထိုးစစ်ဆင်ခြင်းများကို ရပ်နားထားပြီး ၎င်းတို့အတွက် စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံရေးအရ အရေးပါသော ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်လာသည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။

“စစ်ကောင်စီက TNLA ဘက်ကို ထိုးစစ်လုပ်နေတဲ့အချိန်မှာ ကျန်တဲ့ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေက မတွေ့ရဘူး။ နောက်တစ်ခုက တွေ့ရနိုင်တဲ့ အနေအထားလည်း မရှိဘူး ဖြစ်နေတာ” ဟု CDM ဗိုလ်မှူးနောင်ရိုးက ပြောသည်။

စစ်ကောင်စီသည် ဒရုန်းနည်းပညာများကို ပိုမိုအဆင့်မြှင့်တင်လာနိုင်ပြီး လက်နက်ကြီး၊ ခြေလျင်တပ်၊ လေကြောင်းပစ်ကူများကို ဟန်ချက်ညီစွာ ပြင်ဆင်အသုံးပြုလာခြင်းနှင့် ဒရုန်းများဖြင့် ကင်းထောက်ခြင်းဖြင့် လက်နက်ကြီးပစ်ကူများကို ပိုမိုတိကျစွာ ပြုလုပ်လာနိုင်ခဲ့သည်ကိုလည်း တွေ့ရသည်ဟု ၎င်းက ဆိုသည်။

တစ်ဖက်တွင်လည်း TNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ အမှားများကို ပြန်သုံးသပ်၍ ပြင်ဆင်နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

“အခြေနေတွေကို ပြုပြင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် TNLA အနေနဲ့ နောင်ချိုပြီး ကျောက်မဲ သီပေါ စတဲ့ နယ်မြေတွေ ဖြစ်လိမ့်မယ်။ နွေဦးတော်လှန်ရေးဟာ အန္တရာယ်ရှိလာပြီဆိုတဲ့ အမှတ်အသားရဲ့ အစပြုချက်ပဲ” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

 

 

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်‌ဟောင်း ကျောင်းသူ ထောင်အတွင်း ကျဆုံး
Next Article ရခိုင်ရှိ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် ရေလုပ်သားများ မကြာခဏ ဖမ်းဆီးခံနေရ
thanlwinkhet
  • Website

Related Posts

ရခိုင်ရှိ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် ရေလုပ်သားများ မကြာခဏ ဖမ်းဆီးခံနေရ

July 21, 2025

ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်‌ဟောင်း ကျောင်းသူ ထောင်အတွင်း ကျဆုံး

July 20, 2025

မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး

July 19, 2025

Leave A Reply Cancel Reply

Recent Posts

  • ရခိုင်ရှိ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် ရေလုပ်သားများ မကြာခဏ ဖမ်းဆီးခံနေရ
  • ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း
  • ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်‌ဟောင်း ကျောင်းသူ ထောင်အတွင်း ကျဆုံး
  • မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး
  • ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း(ရုပ်သံ)

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရခိုင်ရှိ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် ရေလုပ်သားများ မကြာခဏ ဖမ်းဆီးခံနေရ

ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း

ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်‌ဟောင်း ကျောင်းသူ ထောင်အတွင်း ကျဆုံး

မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရခိုင်ရှိ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် ရေလုပ်သားများ မကြာခဏ ဖမ်းဆီးခံနေရ

July 21, 2025

ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း

July 21, 2025

ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်‌ဟောင်း ကျောင်းသူ ထောင်အတွင်း ကျဆုံး

July 20, 2025

မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး

July 19, 2025

ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း(ရုပ်သံ)

July 19, 2025

ဆားလင်းကြီးမြို့နယ်တွင် ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်

July 19, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.