မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ နီကိုဘာကျွန်းတောင်ပိုင်းတို့တွင် ဇွန်လ ၂၉ ရက်က ငလျင်လှုပ်ခတ်မှု အများအပြား ရှိခဲ့သည်ကို ထိုင်းမိုးလေဝသဌာန (TMD) မှတ်တမ်းတင်ချက်အရ သိရသည်။
ထိုင်းမိုးလေဝသဌာန (TMD) ငလျင်လေ့လာရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရ ဇွန် ၂၉ ရက် က ထိုင်းနိုင်ငံ၏ အိမ်နီးချင်းဒေသများတွင် ငလျင်လှုပ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ မှတ်တမ်းများအရ ဇွန်လ ၂၉ ရက် မွန်းလွဲ ၃ နာရီကျော်နှင့် ည ၁၁ နာရီကျော်တို့တွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆွန်ပြည်နယ်၊ မောင်းခရိုင်၏ အနောက်မြောက်ဘက် ၁၄၁ ကီလိုမီတာနှင့် ၂၀၅ ကီလိုမီတာခန့်အကွာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်းပိုင်းကို ဗဟိုပြု၍ ပြင်းအား ၂.၅ နှင့် ၂.၆ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့သည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ ဖန်ငါပြည်နယ်၊ မောင်းခရိုင်၏ အနောက်မြောက်ဘက် ကီလိုမီတာ ၄၇၀ ဝန်းကျင်ရှိ အိန္ဒိယနိုင်ငံ၊ နီကိုဘာကျွန်းများ၌မူ ပြင်းအား ၄ အဆင့်ကျော်သည့် ငလျင် သုံးခု မွန်းလွဲနှင့် ညအချိန်များတွင် လှုပ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။
Photo- The Nation