• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ဌာနဆိုင်ရာဝန်ထမ်းအားလုံး နှုတ်ထွက်ရန် သတိပေးထားသည့် KNU တပ်မဟာ ၅ နယ်မြေ၌ စစ်ကောင်စီ စခန်း ၁၁ ခုကို တစ်လအတွင်း ဖျက်ဆီးခဲ့
နေ့စဉ်သတင်း

ဌာနဆိုင်ရာဝန်ထမ်းအားလုံး နှုတ်ထွက်ရန် သတိပေးထားသည့် KNU တပ်မဟာ ၅ နယ်မြေ၌ စစ်ကောင်စီ စခန်း ၁၁ ခုကို တစ်လအတွင်း ဖျက်ဆီးခဲ့

thanlwinkhetBy thanlwinkhetJanuary 5, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဌာနဆိုင်ရာဝန်ထမ်းအားလုံး နှုတ်ထွက်ရန် သတိပေးထားသည့် KNU တပ်မဟာ ၅ နယ်မြေ၌ စစ်ကောင်စီ စခန်း ၁၁ ခုကို တစ်လအတွင်း ဖျက်ဆီးခဲ့
**********************************
ဇန်နဝါရီ ၅ ၊ ၂၀၂၃ ။

စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းအားလုံး နှုတ်ထွက်ပြီး ထွက်ခွာသွားကြရန် သတိပေးကြေညာထားသည့် KNU တပ်မဟာ၅နယ်မြေတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းစစ်ကောင်စီစခန်း ၁၁ ခုကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

မူတြော်ခရိုင် KNU တပ်မဟာနယ်မြေအတွင်း၌ KNLA တပ်များနှင့် စစ်ကောင်စီ၊ BGF တပ်တို့ ပြီးခဲ့သော ဒီဇင်ဘာလတွင် တိုက်ပွဲပေါင်း ၁၇၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၅ မူတြော်သတင်းစဥ်က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း၌ စစ်ကောင်စီနှင့် BGF တပ်တို့မှ ၄၄ဦး သေဆုံး၍ ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် KNLAတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်စခန်း ၁၁ ခုနှင့် ရိက္ခာတင်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် ၅ တပ်မဟာသည် မတရားအာဏာသိမ်းသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို ဆန့်ကျင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုင်ရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲပြီး စစ်ကောင်စီအဖွဲ့ အဆုံးသတ်ရေးကို လုပ်ဆောင်နေသည်ဟု တပ်မဟာ၅က ထုတ်ပြန် ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ် အဆုံးသတ် ပပျောက်ရေး လုပ်ဆောင်နေသောကြောင့် မိမိတို့သတ်မှတ်ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများ ရုတ်သိမ်းရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထို့ကြောင့်စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရားတည်ရှိမှုကို လုံးဝလက်ခံမည်မဟုတ်ဘဲ KNLA အမှတ် ၅ တပ်မဟာ သက်မှတ်ထိန်းချုပ်နယ်မြေအတွင်းရှိ ဖာပွန်၊ ကမမောင်းမြို့တို့မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းအားလုံး ဇန်နဝါရီလ ၁ ရက်မှ ၁၀ ရက်အတွင်း နှုတ်ထွက်၊ ထွက်ခွာကြရန် သတိပေးကြေညာထားသည်။

ထိုကဲ့သို့ KNU ဘက်မှ ဖိအားလုပ်ဆောင်နေသကဲ့သို့ စစ်ကောင်စီဘက်မှလည်း မတာမဟာနယ်မြေအတွင်း၌ စစ်ရေးလှုပ်ရှားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဥ်လုပ်ဆောင်နေသည်ဟု မူတြော်သတင်းစဥ်က ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း၌ စစ်ကောင်စီတပ်မှ ဒေသခံများသွားလာလုပ်ကိုင်နေသည့် နေရာများသို့ လက်နက်ကြီး ၁၀၂ လုံးတိတိပစ်ချခဲ့ပြီး ဒေသခံ ၂ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများ၏ ပစ္စည်းများကိုနှင့် ပိုက်ဆံများကို လုယူမှုများရှိနေရာ ထိုင်းဘတ်ငွေ ၅၀၀၀၀(ကျပ်သိန်း ၄၀) ပါသွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ဒီဇင်ဘာလတွင် တပ်မဟာနယ်မြေအတွင်း၌ တိုက်လေယာဥ်များဖြင့် ၄၇ ကြိမ် ဗုံးကြဲခဲ့သောကြောင့် ဒေသခံနေအိမ် ၃၃ လုံးပျက်စီးခဲ့ပြီး စပါးကြည် ၁၀လုံးနှင့် စပါးကြိတ်စက်တစ်လုံး ပျက်စီးခဲ့သည်။

ပြီးခဲ့သော နိုဝင်ဘာလတွင်လည်း မူတြော်ခရိုင် တပ်မဟာ ၅ အုပ်ချုပ်နယ်မြေအတွင်း၌ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၁၁၆ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်များဘက်မှ ၆၉ ဦးသေဆုံးပြီး ၅၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ထားသည်။

ကေအဲန်ယူဗဟိုက ပြီးခဲ့သော နိုဝင်ဘာလအတွက် သတင်းထုတ်ပြန်မှု၌ တပ်မဟာ ၁မှ တပ်မဟာ ၆ အထိ တပ်မ၆ ခုတို့၌ တိုက်ပွဲပေါင်း ၂၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၃၃၃ ဦးသေဆုံးကာ ၂၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Articleတတိယနိုင်ငံအိပ်မက်
Next Article တိုက်ပွဲများကြောင့် ကော့ကရိတ် ဒေသခံ ၆၀၀၀ ကျော် နေရပ်မပြန်နိုင်သေး
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.