• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ
  • နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်
  • ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း
  • KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်
  • ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော
  • တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ
  • ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ဌာနဆိုင်ရာဝန်ထမ်းအားလုံး နှုတ်ထွက်ရန် သတိပေးထားသည့် KNU တပ်မဟာ ၅ နယ်မြေ၌ စစ်ကောင်စီ စခန်း ၁၁ ခုကို တစ်လအတွင်း ဖျက်ဆီးခဲ့
နေ့စဉ်သတင်း

ဌာနဆိုင်ရာဝန်ထမ်းအားလုံး နှုတ်ထွက်ရန် သတိပေးထားသည့် KNU တပ်မဟာ ၅ နယ်မြေ၌ စစ်ကောင်စီ စခန်း ၁၁ ခုကို တစ်လအတွင်း ဖျက်ဆီးခဲ့

thanlwinkhetBy thanlwinkhetJanuary 5, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဌာနဆိုင်ရာဝန်ထမ်းအားလုံး နှုတ်ထွက်ရန် သတိပေးထားသည့် KNU တပ်မဟာ ၅ နယ်မြေ၌ စစ်ကောင်စီ စခန်း ၁၁ ခုကို တစ်လအတွင်း ဖျက်ဆီးခဲ့
**********************************
ဇန်နဝါရီ ၅ ၊ ၂၀၂၃ ။

စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းအားလုံး နှုတ်ထွက်ပြီး ထွက်ခွာသွားကြရန် သတိပေးကြေညာထားသည့် KNU တပ်မဟာ၅နယ်မြေတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းစစ်ကောင်စီစခန်း ၁၁ ခုကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

မူတြော်ခရိုင် KNU တပ်မဟာနယ်မြေအတွင်း၌ KNLA တပ်များနှင့် စစ်ကောင်စီ၊ BGF တပ်တို့ ပြီးခဲ့သော ဒီဇင်ဘာလတွင် တိုက်ပွဲပေါင်း ၁၇၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၅ မူတြော်သတင်းစဥ်က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း၌ စစ်ကောင်စီနှင့် BGF တပ်တို့မှ ၄၄ဦး သေဆုံး၍ ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် KNLAတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်စခန်း ၁၁ ခုနှင့် ရိက္ခာတင်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် ၅ တပ်မဟာသည် မတရားအာဏာသိမ်းသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို ဆန့်ကျင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုင်ရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲပြီး စစ်ကောင်စီအဖွဲ့ အဆုံးသတ်ရေးကို လုပ်ဆောင်နေသည်ဟု တပ်မဟာ၅က ထုတ်ပြန် ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ် အဆုံးသတ် ပပျောက်ရေး လုပ်ဆောင်နေသောကြောင့် မိမိတို့သတ်မှတ်ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများ ရုတ်သိမ်းရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထို့ကြောင့်စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရားတည်ရှိမှုကို လုံးဝလက်ခံမည်မဟုတ်ဘဲ KNLA အမှတ် ၅ တပ်မဟာ သက်မှတ်ထိန်းချုပ်နယ်မြေအတွင်းရှိ ဖာပွန်၊ ကမမောင်းမြို့တို့မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းအားလုံး ဇန်နဝါရီလ ၁ ရက်မှ ၁၀ ရက်အတွင်း နှုတ်ထွက်၊ ထွက်ခွာကြရန် သတိပေးကြေညာထားသည်။

ထိုကဲ့သို့ KNU ဘက်မှ ဖိအားလုပ်ဆောင်နေသကဲ့သို့ စစ်ကောင်စီဘက်မှလည်း မတာမဟာနယ်မြေအတွင်း၌ စစ်ရေးလှုပ်ရှားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဥ်လုပ်ဆောင်နေသည်ဟု မူတြော်သတင်းစဥ်က ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း၌ စစ်ကောင်စီတပ်မှ ဒေသခံများသွားလာလုပ်ကိုင်နေသည့် နေရာများသို့ လက်နက်ကြီး ၁၀၂ လုံးတိတိပစ်ချခဲ့ပြီး ဒေသခံ ၂ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများ၏ ပစ္စည်းများကိုနှင့် ပိုက်ဆံများကို လုယူမှုများရှိနေရာ ထိုင်းဘတ်ငွေ ၅၀၀၀၀(ကျပ်သိန်း ၄၀) ပါသွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ဒီဇင်ဘာလတွင် တပ်မဟာနယ်မြေအတွင်း၌ တိုက်လေယာဥ်များဖြင့် ၄၇ ကြိမ် ဗုံးကြဲခဲ့သောကြောင့် ဒေသခံနေအိမ် ၃၃ လုံးပျက်စီးခဲ့ပြီး စပါးကြည် ၁၀လုံးနှင့် စပါးကြိတ်စက်တစ်လုံး ပျက်စီးခဲ့သည်။

ပြီးခဲ့သော နိုဝင်ဘာလတွင်လည်း မူတြော်ခရိုင် တပ်မဟာ ၅ အုပ်ချုပ်နယ်မြေအတွင်း၌ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၁၁၆ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်များဘက်မှ ၆၉ ဦးသေဆုံးပြီး ၅၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ထားသည်။

ကေအဲန်ယူဗဟိုက ပြီးခဲ့သော နိုဝင်ဘာလအတွက် သတင်းထုတ်ပြန်မှု၌ တပ်မဟာ ၁မှ တပ်မဟာ ၆ အထိ တပ်မ၆ ခုတို့၌ တိုက်ပွဲပေါင်း ၂၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၃၃၃ ဦးသေဆုံးကာ ၂၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Articleတတိယနိုင်ငံအိပ်မက်
Next Article တိုက်ပွဲများကြောင့် ကော့ကရိတ် ဒေသခံ ၆၀၀၀ ကျော် နေရပ်မပြန်နိုင်သေး
thanlwinkhet
  • Website

Related Posts

ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

June 16, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ

June 16, 2025

KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

June 14, 2025

Leave A Reply Cancel Reply

Recent Posts

  • ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ
  • နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်
  • ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း
  • KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ

နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်

ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

June 16, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ

June 16, 2025

နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်

June 16, 2025

ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း

June 16, 2025

KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

June 14, 2025

ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော

June 14, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.