ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLF အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲကို ဇွန်လ ၂၁ ရက်နေ့တွင်ပြုလုပ်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်သည်။
အဆိုပါသင်တန်းဆင်းပွဲကို လွတ်မြောက် နယ်တနေရာတွင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူလူထုအားကာကွယ်ရန်၊ ရန်သူကို သတိထားတတ်စေရန်နှင့် တိုက်ခိုက်ရေးကျွမ်းကျင်ရန် ရည်ရွယ်သည်ဟု DPLF က ဆိုသည်။
သင်တန်းကာလသည် အချိန် ၃ လကျော်ကြာမြင့်ခဲ့ပြီး သတင်းဆင်းပွဲတွင် DPLA ၏ ဥက္ကဌဖြစ်သူ ဦးတင်ထွန်းနိုင်မှ ပြည်သူကိုကာကွယ်ရန်၊ စစ်အာဏာရှင်ကိုတိုက်ဖျက်ရန်နှင့် အမိန့်နာခံတတ်ရန်စ တပ်သားသစ်များအား အမှာစကား ပြောကြားခဲ့သည်။
ဓါတ်ပုံ- ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLF