• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ
  • ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်
  • အာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို
  • ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ
  • ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို
  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ
  • ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့တွင် နိုင်ငံတကာသံရုံးများ စာထုတ်တောင်းဆို
  • ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို
နိုင်ငံတကာသတင်း

ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို

thanlwinkhetBy thanlwinkhetJune 20, 2025No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများအပြင် UNHCR ၌ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူများကိုပါ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန အာဏာပိုင်များက ရိုက်နှက်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု Fortify Right အဖွဲ့မှ ဇွန်လ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ် အစောပိုင်းတွင် ချုပ်နှောင်ခံခဲ့ရသည့် UNHCR တွင် မှတ်ပုံတင်ထားသော အသက် ၅၈ နှစ်အရွယ် ရိုဟင်ဂျာ ဒုက္ခသည် ဆိုင်ဖူက ၎င်းဖမ်းဆီးခံထားရစဉ် နှိပ်စက်ခံရမှုများနှင့် ပတ်သက်၍ “လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ဖမ်းဆီးခံရသူတွေကို အပြစ်ပေးမှုမျိုးစုံနဲ့ နှိပ်စက်ပါတယ်။

ထိုင်ထ အကြိမ်ရေ တစ်ရာအထိ လုပ်ခိုင်းတာတွေလည်း ကြုံခဲ့ရပါတယ်။ အတွင်းခံပါ မချန်ထားဘဲ အဝတ်အစားတွေ အကုန်လုံးကို ချွတ်ခိုင်းတာတွေလည်း ကြုံခဲ့ရပါတယ်”ဟု Fortify Rights အဖွဲ့နှင့် တွေ့ဆုံစဉ် ဖွင့်ဟချက်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် UNHCR တွင် မှတ်ပုံတင်ထားသော အသက် ၃၄ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသား ရာဇီရာဆိုသူသည်လည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ဖမ်းဆီးခံခဲ့ရပြီး ရဲစခန်းတွင် ချုပ်နှောင်ခံထားရစဉ် ရဲသားများမှ ရိုက်ထားခြင်းကြောင့် မျက်နှာများ ရောင်ရမ်းကာ နှာ‌ခေါင်းနှင့် ပါးစပ်တွင်လည်း သွေးများ ထွက်နေသည်ကို ၎င်း၏ အမျိုးသမီးက ရဲစခန်းတွင် သွားရောက်တွေ့စဉ် မြင်တွေခဲ့ရသည်ဟု Fortify Rights အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကြောင့် မ‌လေးရှားအာဏာပိုင်များအနေဖြင့် ဖမ်းဆီးထားသူများအား လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ပေးရန်နှင့် မိခင်နိုင်ငံမှ ဒုက္ခများကြောင့် ထွက်ပြေးလာသူများအား တရားဝင်ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုရန် Fortify Right အဖွဲ့မှ အဆိုပါ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

မ‌လေးရှားနိုင်ငံသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ၏ လုပ်ငန်းစဉ်များအား တရားဝင် အသိအမှတ်ပြုထားသော်လည်း လက်တွေ့တွင် UNHCR ကတ်ကိုင်ဆောင်သူများအား ဖမ်းဆီးနေခြင်းနှင့် ပတ်သက်၍ “အစိုးရအနေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပြဿနာကို ဖြေရှင်းတဲ့အခါ ဝင်ရောက်စီးနင်းမှုတွေကို အဆုံးသတ်ရမယ်။ ဒုက္ခသည်တွေ အပေါ် အကြမ်းဖက်တာနဲ့ အရှက်ရအောင် လုပ်ဆောင်တာတွေက ဥပဒေနဲ့ မညီသလို လူသားဆန်မှုကင်းမဲ့တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်” ဟု Fortify Rights မှ လူ့အခွင့်အရေးကျွမ်းကျင်သူ Yap Lay Sheng ၏ ပြောဆိုချက်အား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မလေးရှားအာဏာပိုင်များက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ မေ ၁၃ ရက်အထိ မြန်မာနိုင်ငံသား ၃၄၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ယခုနှစ် ပထမလေးလအတွင်း တစ်လလျှင် ပျှမ်းမျှ မြန်မာနိုင်ငံသား ၇၈၀၀ ခန့်ကို ဖမ်းဆီးထားသည်ဟု သိရသည်။

လက်ရှိ တစ်လအတွင်း ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသား အရေအတွက်နှင့် ၂၀၂၃ ခုနှစ်တွင် ဖမ်းဆီးခဲ့သည့် အရေအတွက်အား နှိုင်းယှဉ်ပါက သုံးဆခန့် မြင့်မားနေသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တစ်လလျှင် ပျမ်းမျှ မြန်မာနိုင်ငံသား ၂၃၀၀ ခန့်အား အာဏာပိုင်များဖမ်းဆီးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် တစ်လလျှင် ပျှမ်းမျှ ၃၉၀၀ ခန့်အထိ ဖမ်းဆီးခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်အရသိရသည်။

ထိုသို့ မလေးရှားအာဏာပိုင်များ၏ ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသူများထဲတွင် ရခိုင်လူမျိုး၊ ဗမာလူမျိုး၊ မွန်လူမျိုး၊ ကချင်လူမျိုးနှင့် ရိုဟင်ဂျာများပါဝင်သည်ဟု သိရသည်။

မလေးရှားအစိုးရသည် တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား နေရပ်ပြန်ပို့ရေးအစီအစဉ်ကို ၂၀၂၄ မတ်လကုန်ပိုင်းမှ စတင်ခဲ့ပြီး ၂၀၂၅၊ မေ ၁၇ ရက်တွင် အဆိုပါ အစီအစဉ်အား ထပ်မံသက်တမ်းတိုးထားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ
Next Article ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ
thanlwinkhet
  • Website

Related Posts

တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ

June 20, 2025

ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်

June 20, 2025

အာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို

June 20, 2025

Leave A Reply Cancel Reply

Recent Posts

  • တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ
  • ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်
  • အာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို
  • ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ
  • ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ

ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်

အာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို

ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ

June 20, 2025

ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်

June 20, 2025

အာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို

June 20, 2025

ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ

June 20, 2025

ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို

June 20, 2025

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ

June 19, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.