• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း
  • မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား
  • ကရင်နီပြည်တွင် စားနပ်ရိက္ခာရှားပါးမှု ပိုမိုဆိုးရွားလာ
  • စစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ပါဝင်သည့် မြို့နယ်စာရင်းထုတ်ပြန်
  • ရန်ကုန်တွင် ပြင်းအား ၅ ဒဿမ ၄ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်
  • TNLA၊ MNDAAနှင့် SSPP တို့အား စစ်ရေးကူညီ ထောက်ပံ့မှု ရပ်ဆိုင်းမည်ဟု UWSA တရားဝင်ပြောဆို
  • နယ်စပ်ဂိတ်တွင် သောင်တင်နေသည့် ထိုင်းကုန်စည်များအတွက် ဖြေရှင်းရန် ထိုင်းဘက်မှ အလျင်အမြန်ဆောင်ရွက်
  • ဖမ်းမိထားသည့် နာမည်ကြီး ကျားဖြန့်ခေါင်းဆောင် ၁၄ ဦးကို တရုတ်ပြန်ပို့
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»လက်နက်မမျှလို့ PDF ၈ ဦးကျ
နေ့စဉ်သတင်း

လက်နက်မမျှလို့ PDF ၈ ဦးကျ

thanlwinkhetBy thanlwinkhetJanuary 4, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

လက်နက်မမျှလို့ PDF ၈ ဦးကျ
****************

သံလွင်ခက်
ဇန်နဝါရီ ၄ ၊ ၂၀၂၃။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လက်နက်မမျှခဲ့သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့သည်ဟု ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက သံလွင်ခက်ကို ပြောသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် စစ်ဆင်ရေး လုပ်ဆောင်ရန် ထွက်ခွာလာသည့် ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ကျွန်းချောင်းကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ” ညနေ ၆ နာရီလောက်မှာ နယ်မြေစိုးမိုးရေး ရဲဘော်တွေ ဆိုင်ကယ်နဲ့ သွားရင်းနဲ့ အင်အား ၃၀ လောက်ရှိတဲ့ သူတို့ကင်းပုန်းနဲ့တွေ့တာဗျ၊ အဲ့မှာ ကြားညှပ်ပြီး အပစ်ခံခဲ့ရတာ ” ဟု ဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသက် ၅၀ ကျော်အရွယ် ခေါင်းဆောင်တစ်ဦး အပါအဝင် အသက် ၂၀ ဝန်းကျင် ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၈ ဦး ကျဆုံးခဲ့သည်။

ထိတွေ့တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံတွင် တစ်ထောင့်ထိုး လက်လုပ် သေနတ်များသာရှိပြီး လက်နက် အင်အားမမျှခဲ့သည့်အတွက် ယခုကဲ့သို့ ရဲဘော် ၈ ဦး ကျဆုံးခဲ့ခြင်း ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ကျဆုံးခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွင် ပစ္စတို ( အတိုတစ်လက် ) ပါရှိသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ကာပစ်စဉ် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

၎င်းက ” ခေါင်းဆောင်မှာပဲ အတိုတစ်လက်ပါသွားတာ ဒါပေမယ့် ခေါင်းဆောင်က လွတ်တဲ့အနေထားမှာရှိတယ်။ ကိုယ့်ရဲဘော်တွေ မှန်နေတဲ့အနေအထားဆိုတော့ အတိုနဲ့ကာပစ်ရင်းနဲ့ ကျသွားတာဗျ။ မောင်းပြန်တစ်လက်နှစ်လက်လောက်ပါရင် သူတို့ ပစ်တဲ့ဟာကို လွတ်တဲ့သူက နည်းနည်းလေးကာပစ်ပေးတယ်ဆိုရင် ၈ ယောက်လုံးမကျနိုင်ဘူး ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၃ ရက် မနက်ပိုင်းတွင် ကျဆုံးခဲ့သည့် ရဲဘော် ၈ ဦးနှင့် ဆိုင်ကယ်များကို မီးရှို့ခဲ့သည်ဟု စုံစမ်း သိရှိရသည်။

ယင်းနောက် ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ မီးရှို့ခံခဲ့ရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ပြန်လည်ယူဆောင်ခဲ့ပြီး နာရေးကိစ္စရပ်များ ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့သည့်အပြင် အခြားကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦး လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိပ်ဖြူမြို့ပေါ်ရှိ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
တိုက်ပွဲသတင်း
Share. Facebook Twitter WhatsApp
Previous Articleဒီးမော့ဆိုတွင် လက်နက်ကြီးထိမှန်၍ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံး
Next Article စစ်တွေမြို့ပေါ်၌ ALP စစ်ဦးစီးချုပ်အပါအဝင် အရာရှိ ၃ဦး ပစ်ခတ်ခံရပြီး သေဆုံး
thanlwinkhet
  • Website

Related Posts

မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း

August 22, 2025

မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား

August 22, 2025

ကရင်နီပြည်တွင် စားနပ်ရိက္ခာရှားပါးမှု ပိုမိုဆိုးရွားလာ

August 22, 2025

Leave A Reply Cancel Reply

Recent Posts

  • မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း
  • မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား
  • ကရင်နီပြည်တွင် စားနပ်ရိက္ခာရှားပါးမှု ပိုမိုဆိုးရွားလာ
  • စစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ပါဝင်သည့် မြို့နယ်စာရင်းထုတ်ပြန်
  • ရန်ကုန်တွင် ပြင်းအား ၅ ဒဿမ ၄ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း

မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား

ကရင်နီပြည်တွင် စားနပ်ရိက္ခာရှားပါးမှု ပိုမိုဆိုးရွားလာ

စစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ပါဝင်သည့် မြို့နယ်စာရင်းထုတ်ပြန်

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း

August 22, 2025

မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား

August 22, 2025

ကရင်နီပြည်တွင် စားနပ်ရိက္ခာရှားပါးမှု ပိုမိုဆိုးရွားလာ

August 22, 2025

စစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ပါဝင်သည့် မြို့နယ်စာရင်းထုတ်ပြန်

August 21, 2025

ရန်ကုန်တွင် ပြင်းအား ၅ ဒဿမ ၄ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်

August 21, 2025

TNLA၊ MNDAAနှင့် SSPP တို့အား စစ်ရေးကူညီ ထောက်ပံ့မှု ရပ်ဆိုင်းမည်ဟု UWSA တရားဝင်ပြောဆို

August 20, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.