• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန
  • အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ
  • ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း
  • ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ
  • နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်
  • ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပင်မစာမျက်နှာ»ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
ပင်မစာမျက်နှာ

ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး

thanlwinkhetBy thanlwinkhetJune 17, 2025No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်နေသည့် စစ်ရှောင်များအနေဖြင့် မိမိနေရပ်သို့ ပြန်နိုင်ရန် ပြီးခဲ့သည့် မေလမှစပြီး အာရက္ခတပ်တော် AA ထံ စာတင်ထားသော်လည်း လေကြောင်းအန္တရာယ် စိုးရိမ်ရသည့် အတွက် နေရပ်သို့ ပြန်ရန် ခွင့်ပြုချက်မရသေးဟု သိရသည်။
ရသေ့တောင်မြို့ပေါ်မှ စစ်ဘေးရှောင်များမှာ မေလ ပထမပတ်မှ စတင်ကာ မိမိနေရပ်သို့ ပြန်ရန် ပြင်ဆင်နေကြသော်လည်း လက်ရှိတွင် လေကြောင်းအန္တရာယ်ကြောင့် AA က ခွင့်မပြုသေးခြင်းဖြစ်သည်ဟု ရသေ့တောင်မှ အာရက္ခတပ်တော် AA နှင့် နီးစပ်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
၎င်းက “မြို့ထဲက နေအိမ်တွေကို သန့်ရှင်းရေး လုပ်ဖို့အတွက်တော့ ခွင့်ပြုပေးတာ ရှိပါတယ်။ တရားဝင်တော့ ပြန်လည် နေဖို့အတွက် ခွင့်မပြုထားပါဘူး။ အဓိကတော့ လေကြောင်းအန္တရာယ်ကြောင့်ပေါလေ။ ရသေ့တောင်ကတော့ စစ်တွေဘက်က လက်နက်ကြီးတွေနဲ့ လှမ်းထုလို့ ရတဲ့ အနေအထားဆိုတော့လေ” ဟု ပြောသည်။
ရသေ့တောင်မြို့ပေါ်ကို AA က ၂၀၂၄ မတ်လတွင် သိမ်းပိုက်နိုင်ခဲ့သော်လည်း ယင်းမြို့ပေါ်တွင် နေထိုင်သူ ၁၇၀၀၀ ခန့်မှာ ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်နေထိုင်ခွင့် မရရှိသေးပေ။ ထို့ကြောင့် ရသေ့တောင်မြို့အနီးတဝိုက်က ကျေးရွာများတွင် ခိုလှုံနေထိုင်နေကြရဆဲ ဖြစ်သည်။
အဆိုပါစစ်ရှောင်များသည် လက်ရှိတွင် အလှူရှင်များ လာရောက် ကူညီထောက်ပံ့မှု လုံးဝ မရှိသည့်အတွက် စားနပ်ရိက္ခာ၊ မိုးရာသီအတွက် အမိုးအကာများ အရေးပေါ်လိုအပ်နေသည်ဟုလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်ရှားပါးသည့်အပြင် ကုန်ဈေးနူန်းမြင့်တက်နေခြင်း‌ကြောင့် စားဝတ်နေရေးအတွက်လည်း အဆင်မပြေမှုများရှိနေသည်ဟု ရသေ့တောင်မှ အသက် ၄၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
”အခုက ပိုက်ဆံကလည်း အရမ်းရှားတယ်။ အရင်ကတော့ ကိုယ့်မှာ ပါလာတဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချပြီး စားသောက်နေရတာ။ စားသောက်ရတာကလည်း အရမ်းဈေးကြီးတယ်။ အခုက အစိုးရဘက်က ထောက်ပံ့ကြေးတွေလည်း မရဘူး။ အခု မိုးရာသီဆိုတော့ ပိုဆိုးတယ်။ စားရေးသောက်ရေးက တော်တော်လေး အဆင်မပြေဘူး” ဟု ၎င်းက ပြောသည်။
မေလအတွင်းကလည်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာတွင် စစ်ဘေးရှောင်များနှင့် ဒေသခံများ ဗုံးကြဲခံရသည့်အတွက် အစုလိုက် သေဆုံး ထိခိုက်မှုများရှိခဲ့သည်။
ထို့ကြောင့် ဒေသခံအချို့မှာ မိမိနေရပ်သို့ ပြန်လည်နေထိုင်ရန် စိုးရိမ်မှုများရှိနေသည်ဟု ရသေ့တောင်မှ အသက် ၂၃ အရွယ် စစ်ရှောင် အမျိုးသားတစ်ဦးက ဆိုသည်။
၎င်းက ”ကျနော်တို့ကတော့ အဓိက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ကြောက်တာပေါ့။ ထွန်းရဝေမှာလည်း ပြည်သူတွေ အစုံလိုက်အပြုံလိုက်သေသွားတာရှိတယ်။ ကျောက်တော်ဘက်တွေမှာလည်း မကြာခဏ လာပြီး ဗုံးကြဲတိုက်ခိုက်တယ်။ အခုက ကိုယ့်နေရပ်ကို ပြန်ပြီး နေထိုင်ဖို့အတွက်ကို တုံ့ဆိုင်းသွားတာပေါ့” ဟု ပြောသည်။
ထိုသို့ လေကြောင်းအန္တရာယ်နှင့် တိုက်ပွဲအတွင်း မြေမြုပ်မိုင်းများကြောင့် နေရပ်ပြန်မဝင်နိုင်သေးဘဲ ရသေ့တောင်မြို့အနီးတဝိုက်က ကျေးရွာများတွင် စစ်ရှောင်နေကြရဆဲ ဖြစ်သည်။
ပုံစာ- ရသေ့တောင်စစ်ရှောင်စခန်းတစ်ခုအားတွေ့ရစဉ်
ဓါတ်ပုံ- ပေးပို့

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန
thanlwinkhet
  • Website

Related Posts

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန

June 17, 2025

အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ

June 17, 2025

ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

June 17, 2025

Leave A Reply Cancel Reply

Recent Posts

  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန
  • အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ
  • ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း
  • ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန

အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ

ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး

June 17, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန

June 17, 2025

အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ

June 17, 2025

ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

June 17, 2025

ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

June 16, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ

June 16, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.