ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဇနီး ပဒိုနော်လားဖိုးသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွားခဲ့သည်ဟု နီးစပ်သူများထံမှ သိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံကြီး၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ပဒိုနော်လားဖိုးသည် ၁၉၈၅ မှစတင်၍ ၂၀၁၂ ခုနှစ်အထိ ၂၇နှစ်ကြာ ကရင်အမျိုးသမီးအစည်းအရုံး (KWO) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဥက္ကဌအဖြစ်လည်း ၆ ကြိမ်အထိ တာဝန်ယူထမ်းဆောင်ခဲ့သည်။
ထို့အပြင် KWO တွင် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေစဉ် ကာလအတွင်း KNU ၏ အမြဲတမ်းအမှုဆောင်ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်း၏ ခင်ပွန်း KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြမှာ ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။