• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ပုဏ္ဏားကျွန်းမှ စစ်ဘေးရှောင်များ ပိုခက်ခဲလာ
  • မြေရှားသတ္တုများအပေါ် မျက်စိကျနေသည့် ထရန့်ပ်က မြန်မာကို တရုတ်လက်ထဲ ထိုးအပ်နေ
  • ပြည်သူ တသိန်းခန့်ကို စားနပ်ရိက္ခာ အကူအညီများ WFP ပေးမည်
  • စစ်တပ် လာချသည့် ကျည်ဆန်များ တော်လှန်ရေးတပ်များထံ ရောက်ရှိ
  • AA ထိန်းချုပ်ထားတဲ့ နယ်မြေမှာ သက်ငယ်မုဒိန်းမှုတွေ ဖြစ်နေတာ ဘာကြောင့်လဲ
  • မူဆယ်-နမ့်ခမ်းလမ်းအား TNLA ယာယီပိတ်ထား
  • အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူ တစ်ဦး ညလုံးပေါက် ရိုက်ခံရ၍ သေဆုံး
  • ပေါက်တောနှင့် ပုဏ္ဏားကျွန်းကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပင်မစာမျက်နှာ»ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစကလေးများ ကာကွယ်ဆေးထိုးခွင့် မရသေး
ပင်မစာမျက်နှာ

ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစကလေးများ ကာကွယ်ဆေးထိုးခွင့် မရသေး

thanlwinkhetBy thanlwinkhetJune 11, 2025No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ခင်သရဖီဦး
ရခိုင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစ ကလေးငယ်များ လိုအပ်သည့် ကာကွယ်ဆေး မရရှိသည့်အတွက် မထိုးနိုင်သေးဟု သိရသည်။
၂၀၂၃ နိုဝင်ဘာလ တိုက်ပွဲများ စတင်ကတည်းက ကာကွယ်ဆေး မထိုးရသည်မှာ တစ်နှစ်ကျော်ခန့် ရှိနေပြီဖြစ်ကာ စိုးရိမ်‌နေရသည်ဟုလည်း ပေါက်တောမြို့နယ်မှ အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျမမှာက အခု ဒုတိယ ကိုယ်ဝန်လွယ်ထားတာပါ။ နောက် နှစ်ပတ်လောက်ဆို မွေးတော့မယ်ထင်တယ်။ ကာကွယ်ဆေးကလည်း အရင်ကလို လာထိုးပေးတာတွေ မရှိတော့ဘူး။ မြောက်ဦးတို့ဘက်ကို သွားဖို့အတွက် ငွေကလည်း မရှိဘူး။ ပထမတစ်ယောက်ကဆို ရွာက ဆရာမနဲ့ ပြတယ်။ သူက လိုအပ်တာတွေ လုပ်ပေးတယ်။ အခုကလည်း ဆရာမလည်း မရှိဘူး။ ဆေးမထိုးရတဲ့အပေါ်မှာတော့ စိုးရိမ်တယ်” ဟု ၎င်းက ဆိုသည်။
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်မဆောင်မီ ပါးချိတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများအား ထိုးသင့်ပြီး ကိုယ်ဝန်ဆောင်ချိန်တွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေးများကို ထိုးသင့်သည်။ အနည်းဆုံး ကိုယ်ဝန် ၂၇ ပတ်မှ ၃၆ ပတ်အတွင်း ထိုးရမည်ဖြစ်ပြီး မေးခိုင်ကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားရမည်ဖြစ်သည်။
ထို့အပြင် မွေးကင်းစကလေးငယ်များအားလည်း မွေးပြီး ၁၄ ရက်အတွင်း ပြင်းထန်တီဘီကာကွယ်ဆေး၊ အသည်းရောင်အသားဝါဘီကာကွယ်ဆေးများကို ထိုးပေးရမည်ဖြစ်ပြီး နှစ်လအရွယ်မှ ခြောက်လအရွယ်တွင် ငါးမျိုးစပ် ကာကွယ်ဆေး၊ပိုလီယို ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါပိုး ကာကွယ်ဆေး၊ ခုနစ်လအရွယ်တွင် တုပ်ကွေးကာကွယ်ဆေး၊ ကိုးလအရွယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်၊ ပသိရောင်၊ ဂျာမန်ဝက်သက်ရောဂါနှင့် တစ်နှစ်အရွယ်တွင် ရေကျောက်ကာကွယ်ဆေးစသည့်ဖြင့် တစ်နှစ်ကမှ ငါးနှစ်အထိ လိုအပ်သည့် ကာကွယ်ဆေးများအား ထိုးပေးရန် လိုအပ်သည်။
အဆိုပါကာကွယ်ဆေးများကို ယခင်က ပုံမှန်အားဖြင့် ဗဟို အစိုးရ၏ ပြည်သူ့ကျန်းမာရေးဌာနမှ ဖြန့်ချိနေပေးသည့်အတွက် ပြင်ပ ဆေးခန်းများတွင် မဝယ်ယူနိုင်ပေ။
လက်ရှိတွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများ၌ ၎င်းဆေးဝါးများအား မရရှိနိုင်ဖြစ်နေသည်ဟု လွတ်မြောက်နယ်မြေ မြို့နယ်တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၃၆ နှစ်အရွယ် ဆရာဝန်တစ်ဦးက ဆိုသည်။
”အဓိက အဲဒီဆေးတွေက အပြင်က ဝယ်လို့ရတဲ့ ဆေးတွေ မဟုတ်ဘူး။ ရန်ကုန်တို့ဘက်ကနေ ဒီရခိုင်ဘက်တွေကို ခွဲတန်းချပြီး ရောက်လာတဲ့ ဆေးဝါးတွေ ဖြစ်တယ်။ အခုက အဲဒါတွေ မရတာ နှစ်နဲ့ချီပြီး ရှိနေပြီ” ဟု ၎င်းက ပြောသည်။
အာရက္ခတပ်တော်အနေဖြင့် အိန္ဒိယ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်ဘက်မှ ယင်းဆေးဝါးများအား သယ်ယူနိုင်ရန် ကြိုးပမ်းနေသညိဟုလည်း အာရက္ခတပ်တော်နှင့် နီးစပ်သူများထံမှ သိရသည်။
ကာကွယ်ဆေးများအား လိုအပ်သည့်အချိန်တွင် သတ်မှတ်ထားသည့် အသက်အပိုင်းအခြားအလိုက် သေချာ ဂရုတစိုက် ထိုးပေးမှသာ ကိုယ်ခန္ဓာကြံခိုင်မှုရှိပြီး အဖျားရောဂါများနှင့် ကျန်သည့် ရောဂါများ ဖြစ်ပွားမှုများကိုလည်း ကာကွယ်နိုင်မည်ဟု ကျန်းမာရေးပညာရှင်များက ထောက်ပြကြသည်။
သို့သော် ရခိုင်တွင် လမ်းခရီးအခက်အခဲများကြောင့် သာမန်ရောဂါများအတွက်ပင် ဆေးဝါးဝယ်ယူမှုရန် ရှားပါးမှုများ ရှိနေသည်ဟုလည်း မြေပုံတွင် ဆေးရောင်းနေသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
“အခု မိုးတွင်းပိုင်းဆိုတော့ ပိုဆိုးတယ်။ လမ်းခရီးမဖြောင့်ရင် ဆေးတွေ တစ်ခါတလေ အကုန်လုံး ပြတ်သွားတာရှိတယ်။ ဆေးတွေကလည်း တစ်ခါနဲ့ တစ်ခါ မတူဘူး။ ရောင်းချရတာက အဆင်မပြေတာတွေ များတာပေါ့” ဟု ၎င်းက ပြောသည်။
ရခိုင်တွင် အာရက္ခတပ်တော်၏ ပြည်သူ့ကျန်းမာရေးဌာနမှာ အနည်းငယ် လည်ပတ်နေမှု ရှိသော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များအတွက် ကာကွယ်ဆေး ကိစ္စအား ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပေ။
တစ်ဖက်တွင်လည်း ပြည်သူ့ကျန်းမာရေးဌာန လည်ပတ်နိုင်ရန်အတွက် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကြီးကြပ်သင်တန်းသားများကို ဆက်တိုက်ခေါ်ယူမှုများ လုပ်နေရသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အာရက္ခတပ်တော်နဲ့ ထိတွေ့ဆက်ဆံဖို့ အမေရိကန်တိုက်တွန်း
Next Article TNLA ထိန်းချုပ်ထားသည့် နမ္မတူ မန်လီရွာအား စစ်ကောင်စီ ညသန်းခေါင်းချိန် ဗုံးကြဲ
thanlwinkhet
  • Website

Related Posts

ပုဏ္ဏားကျွန်းမှ စစ်ဘေးရှောင်များ ပိုခက်ခဲလာ

August 1, 2025

မြေရှားသတ္တုများအပေါ် မျက်စိကျနေသည့် ထရန့်ပ်က မြန်မာကို တရုတ်လက်ထဲ ထိုးအပ်နေ

August 1, 2025

ပြည်သူ တသိန်းခန့်ကို စားနပ်ရိက္ခာ အကူအညီများ WFP ပေးမည်

August 1, 2025

Leave A Reply Cancel Reply

Recent Posts

  • ပုဏ္ဏားကျွန်းမှ စစ်ဘေးရှောင်များ ပိုခက်ခဲလာ
  • မြေရှားသတ္တုများအပေါ် မျက်စိကျနေသည့် ထရန့်ပ်က မြန်မာကို တရုတ်လက်ထဲ ထိုးအပ်နေ
  • ပြည်သူ တသိန်းခန့်ကို စားနပ်ရိက္ခာ အကူအညီများ WFP ပေးမည်
  • စစ်တပ် လာချသည့် ကျည်ဆန်များ တော်လှန်ရေးတပ်များထံ ရောက်ရှိ
  • AA ထိန်းချုပ်ထားတဲ့ နယ်မြေမှာ သက်ငယ်မုဒိန်းမှုတွေ ဖြစ်နေတာ ဘာကြောင့်လဲ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ပုဏ္ဏားကျွန်းမှ စစ်ဘေးရှောင်များ ပိုခက်ခဲလာ

မြေရှားသတ္တုများအပေါ် မျက်စိကျနေသည့် ထရန့်ပ်က မြန်မာကို တရုတ်လက်ထဲ ထိုးအပ်နေ

ပြည်သူ တသိန်းခန့်ကို စားနပ်ရိက္ခာ အကူအညီများ WFP ပေးမည်

စစ်တပ် လာချသည့် ကျည်ဆန်များ တော်လှန်ရေးတပ်များထံ ရောက်ရှိ

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ပုဏ္ဏားကျွန်းမှ စစ်ဘေးရှောင်များ ပိုခက်ခဲလာ

August 1, 2025

မြေရှားသတ္တုများအပေါ် မျက်စိကျနေသည့် ထရန့်ပ်က မြန်မာကို တရုတ်လက်ထဲ ထိုးအပ်နေ

August 1, 2025

ပြည်သူ တသိန်းခန့်ကို စားနပ်ရိက္ခာ အကူအညီများ WFP ပေးမည်

August 1, 2025

စစ်တပ် လာချသည့် ကျည်ဆန်များ တော်လှန်ရေးတပ်များထံ ရောက်ရှိ

August 1, 2025

AA ထိန်းချုပ်ထားတဲ့ နယ်မြေမှာ သက်ငယ်မုဒိန်းမှုတွေ ဖြစ်နေတာ ဘာကြောင့်လဲ

July 31, 2025

မူဆယ်-နမ့်ခမ်းလမ်းအား TNLA ယာယီပိတ်ထား

July 31, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.