• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး
နိုင်ငံတကာသတင်း

ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး

thanlwinkhetBy thanlwinkhetJune 2, 2025No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဇွန်လပထမဆုံးရက်မှာပဲ ယူကရိန်းက ပင့်ကူမျှင်စစ်ဆင်ရေး – Spider’s Web ဆင်နွှဲခဲ့ပြီး ရုရှားစစ်အခြေစိုက်စခန်း ၄ ခုက စစ်လေယာဥ် ၄၀ ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ရုရှား – ယူကရိန်းစစ်ပွဲ စတင်ခဲ့တဲ့ ၄ နှစ်တာကာလအတွင်း အခုတိုက်ခိုက်မှုက အကြီးမားဆုံးသော တာဝေးပစ်တိုက်ခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။
ယူကရိန်းရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတဲ့ ရုရှားစစ် အခြေစိုက်စခန်းတွေက နယ်စပ်ကနေ မိုင်ထောင်ချီ ဝေးတဲ့ အာကွတ်ဒေသက ဘီလာယာစခန်း၊ အာတိတ်စက်ဝိုင်းအတွင်းမှာရှိတဲ့ မူမန်စ့်က အိုလန်ယာစခန်း၊ ယူကရိန်းနဲ့ မိုင် ၈၀၀ ဝန်းကျင်ဝေးတဲ့ အိုင်ဗန်နိုဗန်လေတပ်စခန်း၊ အိုင်ယာဇန်ပြည်နယ်က ဒိုင် ယာဂီလီဗိုလေတပ်စခန်းတို့ ဖြစ်ကြပါတယ်။
ဇွန်လ ၁ ရက် ညပိုင်းမှာ ပြောခဲ့တဲ့ ယူကရိန်းသမ္မတ ဇာလန်စကီးရဲ့ မိန့်ခွန်းမှာတော့ Spider’s Web စစ်ဆင်ရေးကို ၁ နှစ်ခွဲကျော်ကြာ စီစဥ်ခဲ့ရပြီး ဒရုန်းအစင်းပေါင်း ၁၁၇ စင်း အသုံးပြုခဲ့တယ်လို့ ထည့်သွင်းပြောခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ရုရှားနိုင်ငံက ဒေသ ၅ ခုမှာရှိတဲ့ လေယာဥ်ကွင်းတွေကို ယူကရိန်းက ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း အတည်ပြုပြောဆိုထားပါတယ်။
ယူကရိန်းဒရုန်းတိုက်ခိုက်မှုတွေကို အိုင်ဗန်နိုဗို၊ ရိုင်ယာဇန်နဲ့ အာမူးဒေသတွေမှာ တားဆီးနိုင်ခဲ့ပေမယ့် မူမန့်စ်နဲ့ အာကွတ်စ်ဒေသတွေမှာတော့ လေယာဥ်တချို့ မီးလောင်ပျက်စီးခဲ့ပြီး တိုက်ခိုက်မှုမှာ ပါဝင်သူတွေကို ဖမ်းဆီးထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းလုံခြုံရေးဌာန – SUB ကလည်း ရုရှား အဓိကလေတပ်စခန်းတွေမှာရှိတဲ့ မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်သယ်ဆောင်တဲ့ လေယာဥ်စုစုပေါင်းရဲ့ ၃၄ ရာခိုင်နှုန်း ထိမှန်ခဲ့ပြီး ဒေါ်လာ ၇ ဘီလီယံ ထိခိုက်ဆုံးရှုံးစေခဲ့တယ်လို့ ဆိုထားပါတယ်။ တိုက်ခိုက်မှုအတွင်း တူပိုလက်ဖ်အမျိုးအစားမဟာဗျူဟာမြောက် Tu 95၊ Tu 22 M ဗုံးကြဲလေယာဥ်တွေ၊ A – 50 ထောက်လှမ်းရေးလေယာဥ် တစ်စင်းအပါအဝင် လေယာဥ်အစင်း ၄၀ ကျော် ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အခုတိုက်ခိုက်မှုက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ပြုလုပ်မယ့် ရုရှား – ယူကရိန်း နှစ်နိုင်ငံငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင် နာရီပိုင်းအလိုမှာပဲ ယူကရိန်းဘက်က တိုက်ခိုက်ခဲ့တာပါ။ ယူကရိန်းက ဒရုန်းတွေ သယ်ဆောင်လာတဲ့ ထရပ်ကားတွေကို တိုက်ခိုက်မှုပြုလုပ်မယ့် နေရာတွေအနီး ရပ်ထား၊ နေရာချပြီးတဲ့နောက် အမိုးတွေ ဖွင့်လိုက်ပြီး စစ်ဆင်ရေးဒရုန်းတွေက ပစ်မှတ်တွေရှိရာဆီ ပျံသန်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အခုတိုက်ခိုက်မှုကြောင့် ရုရှားဘက်က အကြီးအကျယ်ထိခိုက်ခဲ့ပြီး ရုရှား – ယူကရိန်း နှစ်နိုင်ငံငြိမ်းချမ်းရေးဆွေးနွေးပွဲ အထမြောက်လားဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်သွားရပါမယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်
Next Article ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ
thanlwinkhet
  • Website

Related Posts

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.