




အဆိုပါ ထုတ်ပြန်ချက်တွင် အဓိကအချက်များအနေဖြင့် နိုင်ငံရေးနှင့်စစ်ရေးဦးဆောင်အဖွဲ့များ ဖွဲ့စည်းထားသည်ကို တွေ့ရှိရသည်။
NMSP (AD) နှင့် MLA ခေါင်းဆောင်များပါဝင်သော နိုင်ငံရေးစစ်ရေးကော်မတီ (၂၆ ဦး) ဖွဲ့စည်းခဲ့ပြီး၊ ၎င်းတို့မှ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ (၉ ဦး) ကို ရွေးချယ်ခဲ့သည်။
နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ (၉ ဦး)
o ဥက္ကဋ္ဌ : နိုင်ဇေယျ
o ဒုဥက္ကဋ္ဌ : နိုင်လယီကောင်း
o အတွင်းရေးမှူး : နိုင်ဗညားလယ်
ရာမညမွန်တပ်တော်-RMA ၏ စစ်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ရန် အဖွဲ့ဝင် (၇ ဦး) ပါဝင်သော စစ်ကော်မတီကို ဖွဲ့စည်းခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကော်မတီ(၇)ဦး
o စစ်ဦးစီးချုပ် : ဗိုလ်မှူးချုပ်စလွန်းထော
o ဒုစစ်ဦးစီးချုပ် (၁) : ဗိုလ်မှူးကြီးစိုးဝင်း
o ဒုစစ်ဦးစီးချုပ် (၂) : ဗိုလ်မှူးကြီးကျည်ဆံ
ထုတ်ပြန်ချက်တွင် RMA အနေဖြင့် အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များ(PDF) နှင့်အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ဖော်ပြထားသည်။
RMA၏ အဓိကရည်မှန်းချက်များ
• စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး
• ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော မွန်ပြည်ထူထောင်ရေး
• ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးဟု တွေ့ရှိရသည်။
ဓါတ်ပုံ – NMSP(AD), MLA