အမီးလေး




၎င်းက “ဒေသခံတွေကို အပေါင်းလက္ခဏာဆောင်တဲ့ တောင်းဆိုချက်များကို တောင်းဆိုပေးပါလို့ပဲ ပြောတယ်” ဟု ဆိုသည်။
ကယန်းပါတီ ဥက္ကဌဦးသန်းစိုးနိုင်၏ လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ မြင်းမထိတောင်တွင် သတ္တုတူးဖော်ခြင်းအား ကန့်ကွက်ထားသော်လည်း ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။
ကယန်းပါတီဥက္ကဌ၏ ကုမ္ပဏီဖြစ်သည့် လေးပွင့်ကြယ်ကုမ္ပဏီမှ တူးဖော်မည့် လုပ်ကွက်နှင့် လုပ်ငန်းများအတွက် ဒေသခံပြည်သူများ၏ ခွင့်ပြုထောက်ခံမှုမရှိသဖြင့် တရားမဝင် လုပ်ငန်းလုပ်ကိုင်ခြင်းအဖြစ် သတ်မှတ်သည်ဟု မေလ ၉ ရက်က ထုတ်ပြန်သည့် ပရာဒေါင်းဆွေမျိုးစုများ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် မြင်းမထိတောင်တွင် သတ္တုတူးဖော်နေသည့် ကုမ္ပဏီများ၊ တာဝန်ရှိလူပုဂ္ဂိုလ်၊ အလုပ် သမားများ၊ စက်ယန္တရားများအနေဖြင့် မေလ ၁၆ ရက် နောက်ဆုံးထားပြီး ထွက်ခွာပေးရမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ သတ်မှတ်ထားသည့် ရက်အတွင်း မထွက်ခွာပါက ဖြစ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကို ပရာဒေါင်းဆွေမျိုးစုများအနေဖြင့် တာဝန်ယူမည်မဟုတ်သလို လေးပွင့်ကြယ်ကုမ္ပဏီနှင့်သာ သက်ဆိုင်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြင်းမထိတောင်တွင် ကုမ္ပဏီများ ဆက်လက်၍ သတ္တုတူးဖော်ပါက ဒေသခံများ၏ နေအိမ်များ ပြောင်းရွှေ့ရနိုင်ဖွယ်ရှိပြီး မလိုလားအပ်သည့် ဘေးထွက်ဆိုကျိုးများ ကြုံတွေ့နိုင်သည်ဟုလည်း ဆိုသည်။
ထိုမြင်းမထိတောင်သည် ဒေသခံပြည်သူများ တပိုင်တနိုင်လုပ်ကိုင်နေသည့် နေရာဖြစ်ပြီး ခဲသတ္တု ထွက်သည့် ဒေသဖြစ်ကာ ကုမ္ပဏီများ သတ္တုတူးဖော်ခြင်းအား ကန့်ကွက်နေသည်မှာ တစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်သည်။
ပုံစာ – ဒေသခံပြည်သူများအနေဖြင့် ကုမ္ပဏီများအား မေလ ၉ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ (ဓာတ်ပုံ -ပရာဒေါင်းဆွေမျိုးစု)