• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ပျောက်ဆုံးနေသော စစ်ကောင်စီ တိုက်လေယာဉ် ဖားဆောင်းအနီး တွေ့ရှိ
  • မြန်မာ့စီးပွားရေး ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက် မှန်ကန်မှုမရှိဟု စစ်ကောင်စီဆို
  • ပျံသန်းရင်း ပျောက်ဆုံးသွားတဲ့ စစ်တပ်တိုက်လေယာဉ် JF-17
  • ဝေါလေဒေသရှိ စစ်ရှောင်များ အရေးပြားရောဂါ၊ ငှက်ဖျားနှင့် တုပ်ကွေးများဖြစ်ပွားနေ
  • အင်ဒိုနီးရှား နိုင်ငံသားတစ်ဦး ကို စစ်ကောင်စီ ဖမ်းဆီးထောင်ချ
  • နောင်ချိုမြို့နယ်အား လေကြောင်းမှ ဗုံး ၁၁ လုံး တိတိ ကြဲချ
  • ချင်းမိုင်တွင် ဖမ်းမိသော ကျားဖြန့်ဂိုဏ်း မြန်မာနှစ်ဦးပါဝင်
  • သောင်ရင်းမြစ်ဘေးရှိ ကျေးရွာဒေသခံများ စားနပ်ရိက္ခာနှင့် ခြင်ဆေးများ လိုအပ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပင်မစာမျက်နှာ»၂၈ နှစ်နီးပါး လက်လွှတ်ခဲ့ရသည့် ထီးခီးစခန်းအပါအဝင် စစ်ကောင်စီ တပ်စခန်း သုံးခုကို တိုက်ခိုက်သိမ်းပိုက်
ပင်မစာမျက်နှာ

၂၈ နှစ်နီးပါး လက်လွှတ်ခဲ့ရသည့် ထီးခီးစခန်းအပါအဝင် စစ်ကောင်စီ တပ်စခန်း သုံးခုကို တိုက်ခိုက်သိမ်းပိုက်

thanlwinkhetBy thanlwinkhetMay 9, 2025No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

၂၈ နှစ်နီးပါးခန့် လက်လွှတ်ခဲ့ရသည့် ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် တပ်မဟာ (၄) ရှိ ထီးခီးစခန်းအပါအဝင် တပ်မဟာ(၃) နှင့် တပ်မဟာ(၇) က စစ်ကောင်စီ စခန်း သုံးခုကို ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းလိုက်နိုင်သည်ဟု KNU က မေ ၉ ရက်တွင် ထုတ်ပြန်ထားသည်။
ဘိတ်-ထားဝယ်ခရိုင်၊ ထီးခီးနယ်စပ်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၅ နှင့် ခလရ-၂၆၇ တို့ တပ်စွဲထားသည့် ထီးခီးစခန်းကို သိမ်းပိုက်လိုက်ပြီး ဖြစ်သည်ဟုလည်း ခရိုင်ရှိ သတင်းရင်းမြစ်များက အတည်ပြုပြောသည်။
“မနေ့က စခန်းသိမ်းရတာ။ ဒီနေ့မှာ လိုက်ပြီး ရှင်းလင်းရေး လုပ်နေတယ်။ ရန်သူဘက်က လေယာဥ်နဲ့ ဗုံးကြဲတာတွေ ရှိတယ်။ အခုတော့ အပြီးပိုင် သိမ်းပြီးပြီလို့ ပြောရမှာပေါ့” ဟု မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
ထီးခီးစခန်းအား ၁၉၇၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ခရိုင်ဌာနချုပ်နှင့် တပ်မဟာ ဌာနချုပ်ရုံးတွင် တာဝန်ထမ်းဆောင်သည့် ရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ နေထိုင်ခဲ့သည်ဟု KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၁၉၉၇ ခုနှစ်တွင် မြန်မာစစ်တပ် တပ်မ (၅၅) နှင့် တပ်မ (၆၆) တို့ ဦးဆောင်သည့် တပ်ရင်း ၂၀ ခန့်က ထီးခီးဒေသအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ ဆယ်စုနှစ် သုံးစုနီးပါးကြာ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ထီးခီးစခန်းအား KNLA နှင့်အတူ မဟာမိတ်ပူးပေါင်းတပ် Force for Federal Democracy-FFD တို့မှ ယနေ့ နံနက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်ဟုသိရသည်။
ထို့အပြင် တပ်မဟာ(၇) ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင်ရှိသည့် စစ်ကောင်စီတပ်စခန်း လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စခန်းအား မေလ ၉ ရက် နံနက် ၉ နာရီခန့်တွင် အပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
တခေါ်ဘီခွီးစခန်းသည် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ-၂၄ စခန်းဖြစ်ပြီး ကရင် အမျိုးသားလွတ်မြောက်ရေးတပ် မတော်-KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထီးခီးစခန်းသည် အမှတ် ၂၅ ခြေလျင်တပ်ရင်း (ခလရ) က တပ်ရင်းမှူး ကိုယ်တိုင် အထိုင်ချထားသည့် စခန်းဖြစ်ပြီး စစ်ကောင်စီ အင်အား ၁၅၀ ခန့်ရှိကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ရဟတ်ယာဉ် ၄ စင်းဖြင့် ပစ်ကူခဲ့သည်ဟု သိရသည်။
ထို့အပြင် တပ်မဟာ(၃) ခလယ်လွီထူး (ညောင်လေးပင်) ခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ- ၅၉၈ အခြေစိုက်စခန်းကိုလည်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နှင့် ပူးပေါင်းအဖွဲ့များမှ အပြီးသိမ်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲများကြောင့် ထိုင်းနယ်စပ် တာ့ခ်ခရိုင်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် ၃၄၈ ဦးရှိပြီး ယာယီခိုလှုံစရာ နေရာ နှစ်ခုတွင် ခေတ္တနေထိုင်ခွင့်ပေးထားသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleငလျင်ထိ နိုင်ကျဉ်းကိုယ်ဝန်သည် ဗိုက်ထဲတွင် ကလေးသေဆုံးပြီး‌နောက် မိခင်ပါ သေဆုံး
Next Article လေကြောင်းတိုက်ခိုက်မှုကြောင့် ဗန်းမော်စစ်ရှောင် ၁၅ ဦးသေဆုံး
thanlwinkhet
  • Website

Related Posts

ပျောက်ဆုံးနေသော စစ်ကောင်စီ တိုက်လေယာဉ် ဖားဆောင်းအနီး တွေ့ရှိ

July 3, 2025

မြန်မာ့စီးပွားရေး ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက် မှန်ကန်မှုမရှိဟု စစ်ကောင်စီဆို

July 3, 2025

ပျံသန်းရင်း ပျောက်ဆုံးသွားတဲ့ စစ်တပ်တိုက်လေယာဉ် JF-17

July 3, 2025

Leave A Reply Cancel Reply

Recent Posts

  • ပျောက်ဆုံးနေသော စစ်ကောင်စီ တိုက်လေယာဉ် ဖားဆောင်းအနီး တွေ့ရှိ
  • မြန်မာ့စီးပွားရေး ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက် မှန်ကန်မှုမရှိဟု စစ်ကောင်စီဆို
  • ပျံသန်းရင်း ပျောက်ဆုံးသွားတဲ့ စစ်တပ်တိုက်လေယာဉ် JF-17
  • ဝေါလေဒေသရှိ စစ်ရှောင်များ အရေးပြားရောဂါ၊ ငှက်ဖျားနှင့် တုပ်ကွေးများဖြစ်ပွားနေ
  • အင်ဒိုနီးရှား နိုင်ငံသားတစ်ဦး ကို စစ်ကောင်စီ ဖမ်းဆီးထောင်ချ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ပျောက်ဆုံးနေသော စစ်ကောင်စီ တိုက်လေယာဉ် ဖားဆောင်းအနီး တွေ့ရှိ

မြန်မာ့စီးပွားရေး ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက် မှန်ကန်မှုမရှိဟု စစ်ကောင်စီဆို

ပျံသန်းရင်း ပျောက်ဆုံးသွားတဲ့ စစ်တပ်တိုက်လေယာဉ် JF-17

ဝေါလေဒေသရှိ စစ်ရှောင်များ အရေးပြားရောဂါ၊ ငှက်ဖျားနှင့် တုပ်ကွေးများဖြစ်ပွားနေ

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ပျောက်ဆုံးနေသော စစ်ကောင်စီ တိုက်လေယာဉ် ဖားဆောင်းအနီး တွေ့ရှိ

July 3, 2025

မြန်မာ့စီးပွားရေး ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက် မှန်ကန်မှုမရှိဟု စစ်ကောင်စီဆို

July 3, 2025

ပျံသန်းရင်း ပျောက်ဆုံးသွားတဲ့ စစ်တပ်တိုက်လေယာဉ် JF-17

July 3, 2025

ဝေါလေဒေသရှိ စစ်ရှောင်များ အရေးပြားရောဂါ၊ ငှက်ဖျားနှင့် တုပ်ကွေးများဖြစ်ပွားနေ

July 2, 2025

အင်ဒိုနီးရှား နိုင်ငံသားတစ်ဦး ကို စစ်ကောင်စီ ဖမ်းဆီးထောင်ချ

July 2, 2025

နောင်ချိုမြို့နယ်အား လေကြောင်းမှ ဗုံး ၁၁ လုံး တိတိ ကြဲချ

July 2, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.