စစ်ကောင်စီတပ်နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ကြား ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှုးအရာအရှိများအပါအဝင် တပ်သား ၃၀ သေဆုံးခဲ့သည်ဟု MLA မှ ထုတ်ပြန်ထားသည်။
မွန်ပြည်နယ် ကျုံဒိုးမြို့နယ် နွားခြံကုန်းကျေးရွာအနီးသို့ စစ်ကြောင်းထိုးသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် မွန်တော်လှန်ရေးတပ်ဖွဲ့များနှင့် ကရင်တော်လှန်ရေးအင်အားစုများတို့ကြားမှ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်းတိုက်ပွဲသည် အချိန်အားဖြင့် ၁၀ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ကမ်းရိုးတမ်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ-၄၃၂ ဒုတပ်ရင်းမှုး ဗိုလ်မှုးစိုးမင်းထက်အပါအဝင် စစ်ကောင်စီတပ်သား ၃၀ ဦးခန့် တိုက်ပွဲတွင်း ကျရှုံးခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကမ်းရိုးတမ်းစစ်ဌာနချုပ်လက်အောက်ခံတပ်များဖြစ်သည့် တပ်မ ၂၂၊ ၄၄ လက်အောက်ခံ ခမရ ၂၀၈၊ ခမရ ၁၀၂ နှင့် ခမရ ၄၃၂ တပ်ရင်းများပူးပေါင်း၍ ကျုံဒိုးမြို့နယ် သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု MLA က ထုတ်ပြန်ထားသည်။