အမီးလေး
ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်က ၁၂ တန်းဖြေဆိုရမည်ဟု ကြေညာပြီးနောက် လမ်းပန်းဆက် သွယ်ရေးခက်ခဲသည့် ဒေသများမှ ကလေးတချို့ ပြန်ဆိုနိုင်ခြင်းမရှိဟု တနိုင်းမြို့နယ် ဒေသခံတစ် ဦးကပြောသည်။
“အခုဒီ ၁၂ တန်းဖြေဖို့တော့ ဖြေဖို့ဖြစ်သွားပြီးပေါ့နော်၊အခုက နယ်ကရွာက ကလေးတွေတော့ ရောက်နေပြီး ကျတော်တို့သိသလောက်တော့ အကုန် မစုံနိုင်ဘူးလို့ပြောကြတယ်၊တချို့တွေက မှော် တွေသွား လိုက်တယ်၊အဆက်အသွယ်မရဘူး။ တချို့ကျ ခရီးဝေးထွက်သွားတယ်၊အခုချိန်ထိ မရသေးတဲ့ဟာ တွေလည်းရှိတယ်၊ရောက်နေတဲ့ ကလေးတော်တော်များများက မုံရွာကနေ ZOOM နဲ့ သင်တန်းပေး နေတယ်” ဟုဆိုသည်။
ကချင်ပြည်နယ်ဟာ စစ်ဖြစ်ပွားနေသည့်ဒေသဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေသည်။
ထိုကြောင့် တနိုင်းမြို့နယ်၊ပူတာအိုမြို့နယ်၊ဖားကန့်မြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့မှ ကလေးများအတွက် စာမေးပွဲ ပြန်လည်ဖြေဆိုရန် သွားလာရေး အခက်အခဲ ကြုံတွေ့နေရသည်ဟု သိရသည်။
တနိုင်းမြို့နယ်မှ လာဖြေမည့် ကျောင်းသူ၊သားများအနေဖြင့် တနိုင်းမြို့နှင့် မြစ်ကြီးနားမြို့ ကြားတွင် စစ် ဖြစ်နေခြင်းကြောင့် တနိုင်းမြို့တွင်သာ ကျောင်းသူ၊ကျောင်းသားများ ပိတ်မိနေပြီး မြစ်ကြီးနားသို့ ခရီးမဆက်နိုင်သေးဟု မြစ်ကြီးနားမြို့မှ CDM ကျောင်းဆရာမ တစ်ဦးမှပြော သည်။
“တနိုင်းမြို့နယ်က ကလေးတွေက မြစ်ကြီးနားကို ၅ ရက်နေ့အရောက်ဆိုပြီးတော့ ခေါ်သွားတာ အခုက လဝါးမှာ စစ်ဖြစ်လို့ အခြေအနေမကောင်းလို့ အခုကအခြေအနေက တနိုင်းမှာဖြေမလား၊မြစ်ကြီးနားမှာ ပဲ သွားဖြေမလား၊အခြေအနေတိတိကျကျမသိရသေးဘူး။” ဟုဆိုသည်။
တနိုင်းမြို့တွင် သောင်တင်နေသည့် ကျောင်းသူ၊သားများအတွက် အစားအသောက်နှင့် နေထိုင်ရန် အ ခက်များကြုံတွေ့နေရသည်ဟု ရှင်ဗွေယန်မြို့မှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“သူတို့ကတော့ ခရီးစရိတ်တွေ၊စားစရိတ် နေစရိတ်တွေ အကုန်လုံးသူတို့ တာဝန်ယူတယ်လို့ ခေါ်သွားတာလေ သူတို့ တာဝန်ယူတယ်လို့တော့ပြောတာပဲ။ ဒါပေမယ့် ကလေးတွေပြောတာတော့ စား တာသောက်တာ ဒုက္ခရောက်တယ်ပြောတယ်၊ထမ်းဗူးတွေနဲ့ ဟင်းရည်တောင်မပါဘူးပြောတယ်၊ဒုက္ခ တော်တော်ရောက်တယ် ရေချိုးတာက အစ တော်တော်ဒုက္ခရောက်နေတယ်ပြောတယ်။” ဟုဆိုသည်။
ပူတာအိုမြို့နယ်တွင်မူ ၁၂ တန်းတက်နေသူများအား တစ်ရက်လျှင် ၅၀၀၀ ကျပ်ပေးပြီး ကျောင်းတက် ခိုင်းနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးပြောတာက “မြို့ပေါ်က ကျောင်းသူ၊သားတွေ တွေတော့ ကျောင်းသွားတာတွေ့တယ်၊ကျောင်းတက်ရတယ် တစ်ရက် ၅၀၀၀ ထောက် ပံ့ကြေးရကြတယ်။” ဟုဆိုသည်။
စစ်ပွဲဖြစ်ပွားနေသည့် ဖားကန့်မှ ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် မိုးကောင်းမြို့တွင် ဖြေဆိုရန် ပြင်ဆင်နေပြီး တိုက်ပွဲဖြစ်နေသည့် လမ်းအား တိမ်းရှောင်ပြီး သွားနေရသည်ဟု မိုးကောင်းဒေသခံ အမျိုးသာ တစ်ဦးကပြောသည်။
“ဖားကန့်ဘက်ကတော့ ကျတော်သိထားတာက လူမှုကူညီရေးအသင်းတွေ အားလုံးကနေပြီးတော့ ဒီဖားကန့်မြို့နယ်မှာဖြေဆိုမယ့် မိုးကောင်းကို တိုက်ပွဲဖြစ်နေတဲ့ လမ်းကမဟုတ်ပဲ ဝေခါလမ်းကနေ ဆင်းပြီးတော့ လာပို့မယ်လို့သိထားတယ်” ဟုဆိုသည်။
မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြောင့် မန္တလေးရှိ စာစစ်ဌါနဖြစ်သည့် မန္တလေး တက္ကသိုလ် မီးလောင်သွားခြင်းကြောင့် ၁၂ တန်းတက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ပြန်လည် ဖြေဆိုရမည်ဖြစ်သည်။
ထိုသို့ မီးလောင်သွားသည့် ၁၂ တန်းအဖြေလွှာများတွင် မန္တလေးတိုင်း၊ကချင်ပြည်နယ်နှင့် နေပြည်တော်တို့ မှ စာဖြေလွှာများဖြစ်ပြီး စာမေးပွဲအဖြေလွှာ ၃၇၇၀၀၀ ခန့် ဖြစ်သည်ဟုသိရသည်။ပုံစာ။ မြစ်ကြီးနားမြို့တွင်၁၂ တန်းဖြေဆိုမည့် ကျောင်းသူ၊သားများအား စာသင်ပေးနေခြင်းဖြစ်သည်။
ပုံစာ – မြစ်ကြီးနားမြို့တွင်၁၂ တန်းဖြေဆိုမည့် ကျောင်းသူ၊သားများအား စာသင်ပေးနေခြင်း
ပုံ – စစ်ကောင်စီ၏ ပြန်ကြားရေးဌါန