အမီးလေး
စစ်ကိုင်းတိုင်း၊ခန္တီးမြို့နယ်တွင် တစ်နှစ်အတွင်း အမျိုးသား ၂၀၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီး အများစုမှ နာဂလူမျိုးများဖြစ်သည်ဟု ခန္တီးဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“၂၀၂၄ တစ်နှစ်အတွင်းမှာကို အယောက် ၂၀၀ ကျော်လောက်ရှိမယ်၊သင်္ကြန်ကာလမိတာ ၁၈ ယောက် သုံးယောက်က ရှမ်းနီလူမျိုး။” ဟုဆိုသည်။
ထိုသို့ စစ်မှုထမ်းအတွက် အတင်းအဓမ္မ ပေါ်တာဆွဲခြင်းအား ခန္တီးမြို့နယ် ထွေအုပ်ရုံးအဖွဲ့မှ ဦးဆောင်ပြီး ခန္တီးမြို့ဝင်၊မြို့ထွက် ဂိတ်များတွင် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ပြီး နာဂဒေသမှ လာသည့် ခရီးသွားများ အများစုဖမ်းဆီးခံနေရ သည်ဟု ၎င်းကဆက်ပြောသည်။
ယင်းသို့ ဖမ်ဆီးရမိသူများအား ဆေးစစ်ပြီး ဆေးအောင်ပါက မန္တလေးနှင့် မုံရွာ သို့ လေယာဉ်ဖြင့် ပို့ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ခရီးသွားလာရန်နှင့် အလုပ်အကိုင်များ လုပ်ဆောင် နိုင်ရန်အတွက် ကြောက်လန့်နေရသည်ဟု ၎င်းက ဆိုသည်။
“သွားလာဖို့လည်းတော်တော်လေးလေး ကြောက်နေကြတယ်၊ချင်းတွင်းတံတားမှဖမ်းတယ်၊သွားလာရဖို့ ကြောက်နေရတယ်၊အသက်ကြီးပိုင်းနဲ့ ဝန်ထမ်းတွေလောက်ပဲရှိတော့တယ် လူငယ်မရှိကြတော့ဘူး၊၊” ဟုဆိုသည်။
ခန္တီးမြို့နယ်တွင် နာဂလူမျိုး၊ရှမ်းနီလူမျိုးနှင့် ဗမာလူမျိုး စသည့် တိုင်းရင်းသားများနေထိုင်ကြပြီး နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကုန်ပစ္စည်းများဝယ်ယူရသည့် မြို့လည်းဖြစ်သည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ စ၍ ပြည်သူစစ်မှုထမ်းဥပဒေအား ပြဌာန်းခဲ့ပြီး လူမြင်ကွင်းတွင် ပေါ်ပေါ်ထင်ထင် အတင်းအဓမ္မ စစ်သားစုဆောင်းလျက်ရှိသည်။
ပုံစာ ခရီးသွားလာနေကြသည့် နာဂဒေသမှ ဒေသခံများ