အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု (CDM) ပါဝင်ခဲ့သူများ၊ နိုင်ငံရေးကျဉ်းသားဟောင်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ စုပေါင်း၍ Pressed Flower Artist အနုပညာဖြင့် ဖန်းတီးထားသည့် ပန်းချီရုပ်ပုံပြပွဲများကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြသခဲ့သည်။
“ဒီပွဲ ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကလည်း သူတို့တွေရပ်တည်နိုင်အောင် လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်ပဲ” ဟု Pressed Flower Artist အနုပညာရှင် ကိုမင်းသက်ထက်အောင်က ပြောသည်။
အဆိုပါ ပန်းချီပြပွဲတွင် ရေဆေးပန်းချီ၊ ခဲပန်းချီနှင့် ပန်းပွင့်၊ သစ်ရွက်များဖြင့် ပုံဖော်ထားသည့် ပန်းချီပုံကားချပ်များကို ခင်းကျင်းပြသထားသည်။ ၎င်းပြပွဲကို မေလ ၁ ရက်မှ ၇ ရက်အထိ ပြသသွားမည်ဟု သိရသည်။
Pressed Flower Artist ပန်းချီကားများသည် ပန်းပွင့်နှင့် သစ်ရွက်များကို ရေငွေ့ဖယ်ထုတ်၍ ရုပ်ပုံ ပန်းချီကားများဖြစ်ပေါ်လာအောင် ပုံဖော်ထားသည့် အနုပညာတစ်မျိုးဖြစ်သည်။
ပုံစာ- ပန်းပွင့်၊ သစ်ရွက်များဖြင့် ပုံဖော်ထားသည့် ပန်းချီကားချပ်များ
(ဓာတ်ပုံ-သံလွင်ခက်)





