ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့တော်၊ ချင်းမြောက်ပိုင်းမှာရှိတဲ့ တိမ်ပင်လယ်တွေကြားက ဖလမ်းမြို့တဝိုက်မှာ ချင်းအလံတော်တွေ လွင့်ပျံခဲ့ပါပြီ။
မြို့ကပ်ရက်တောင်ကုန်းကနေ ဒေသတွင်းက ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခလရ ၂၆၈ တပ်ရင်းကုန်းကို ဇွဲမာပြည့်တဲ့ ချင်းညီနောင်အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းကစပြီး ဒေသတွင်းကို ဖိနှိပ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်တွေကို တွန်းလှန်ခဲ့သလို စခန်းငယ်တွေကို ဆက်တိုက်ရယူခဲ့ပါတယ်။
ငါးလကျော်ကြာတိုက်ပွဲတွေဆင်နွှဲပြီးတဲ့နောက် ဧပြီလ ၇ ရက်မှာတော့ ဖလမ်းမြို့၊ ဆေးရုံကြီးအနီး ၂၆၈တပ်ရင်းကုန်းက စစ်ကောင်စီအလံမြေခခဲ့ပြီး ချင်းညီနောင်အလံတွေ လွှင့်ထူနိုင်ခဲ့ကြပါတယ်။
လက်နက်ခဲယမ်းတွေ၊ အမြောက်တွေ၊ သုံ့ပန်းတွေနဲ့အတူ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒေသတွင်းတော်လှန်ရေးအစုအဖွဲ့တွေက မြင်ကွင်းဓါတ်ပုံတွေကို စုစည်းတင်ပြထားပါတယ်။













