စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ဂျိုးတောင် နမ်းခမ်းရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၂၀ ထက်မနည်းသေဆုံးခဲ့ရသည်ဟု ဒေသတွင်းအချက်အလက်များထုတ်ပြန်နေသော Kawlin Info တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် နမ်းခမ်းရွာသို့ ယနေ့ညနေ ၃ နာရီခန့်တွင် ဂျက်လေယာဉ် ၃ စီးဖြင့်လာရောက်ကာ လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအပါအဝင်ဒေသခံ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ရသည်ကို ဓါတ်ပုံမှတ်တမ်းများနှင့်တကွဖော်ပြထားသည်။
လူနေအိမ်များအပါအဝင် အဆောက်အဦးများပျက်စီးခဲ့ပြီး ညနေ ၆ နာရီအချိန်ခန့်တွင်လည်း ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
ဓါတ်ပုံ – Kawlin Info








