မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘီရှော့ (Julie Bishop) အနေဖြင့် တရုတ်အစိုးရပိုင် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သတ်၍ အကျိုးစီးပွား ဆိုင်ရာ ပဋိပက္ခရှိ၊မရှိ အမြန်ဆုံစုံစမ်းပေးရန် မြန်မာအရေးလုပ်ဆောင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်း ၂၉၀ က တောင်းဆိုလိုက်သည်ဟု Justice For Myanmar မှ ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘီရှော့ (Julie Bishop) သည် မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသည့် Shenghe Resources နှင့် China Communications Construction Company တို့အပါအဝင် သတ္တုတွင်း လုပ်ငန်းနှင့်တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့်ဆက်နွှယ်နေသည်ကိုတွေ့ရကြောင်း၎င်းထုတ်ပြန်ချက်တွင်ပါရှိသည်။
တရုတ်နိုင်ငံသည် စစ်ကောင်စီအား စစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးမှုများနှင့် မှားယွင်းသော တရားမဝင်မှုကို ပံ့ပိုးပေးနေသည့် ထိပ်တန်းအရင်းအမြစ်တစ်ခုဖြစ်ပြီး မြန်မာပြည်သူများပေါ် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှု များကို အားပေးကူညီနေသည်ဟု ဖော်ပြထားသည်။
Energy Transition Minerals (ETM) ကုမ္ပဏီသည် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘီရှော့အား မြန်မာနိုင်ငံ အပါအဝင် တရုတ်နိုင်ငံပိုင် ကုမ္ပဏီများနှင့် ဆက်နွှယ်နေသည့် ဂရင်းလန်းဒေသ ယူရေနီယမ် မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းအတွက် မဟာဗျူဟာအကြံပေးအကြံပေးအဖြစ် ခန့်အပ်ထားသည်ဟု Justice For Myanmar ကထုတ်ပြန်သည်။
ဂျူလီဘီရှော့ (Julie Bishop) အား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ခန့်အပ်ထားခဲ့သည်။
ပုံစာ – ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုသမဂ္ဂအထူးကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံစဉ်