ထိုင်းအာဏာပိုင်များသည် ဘတ်သန်း ၁၀၀ ကျော်တန်ဖိုးရှိ Vape ဆေးရည် ၂၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါပမာဏက ထိုင်းနိုင်ငံတွင် အကြီးမားဆုံးသောဖမ်းဆီးရမိမှုဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ထိုင်းအာဏာပိုင်များအနေဖြင့် Nontha Bang Buathong ခရိုင်ရှိ ကုန်လှောင်ရုံတစ်ခုအပါအဝင် နေရာ ၉ နေရာတွင် Vape နှင့်ဆက်စပ်ပတ်သက်သောပစ္စည်းစုစုပေါင်း ၂၁၀,၈၅၆ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါကုန်လှောင်ရုံနှင့်အခြားဆက်စပ်နေရာများသည် ထိုင်းနိုင်ငံတဝှမ်းရှိ လက်လီစတိုးဆိုင်ပေါင်း ၁၀၀ ကျော်သို့ အီး – စီးကရက်နှင့်ဆက်စပ်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြော သည်။
သိမ်းဆည်းရမိသော အဆိုပါပစ္စည်းများအား အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးမည်ဖြစ်သလို အမှုကို တော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) ထံလွှဲပြောင်းပေးမည်ဖြစ်ကာ နောက်ထပ်ဖမ်းဆီးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
အကောက်ခွန်ဌာနအနေဖြင့်လည်း အကောက်ခွန်စစ်ဆေးရေးဂိတ်များတွင် ကုန်စည်များအား တိကျသေချာ စွာစစ်ဆေးရန်နှင့် အဂတိလိုက်စားမှုများကိုတားဆီးရန်အတွက် ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် က ညွှန် ကြားထားသည်ဟုသိရသည်။
ထို့ပြင် အဂတိလိုက်စားမှုများတွင်ပါဝင်ပတ်သက်နေသော တာဝန်ရှိသူများသည် ဥပဒေကပေးအပ်သော အကျိုးဆက်များကိုရင်ဆိုင်ကြရလိမ့်မည်ဟု သူမကသတိပေးပြောဆိုခဲ့သည်။
ထိုင်းအစိုးရသည် အီး – စီးကရက်ရောင်းဝယ်ဖောက်ကားနေခြင်းများအား နှိမ်နင်းသွားမည်ဖြစ်ပြီး သက် ဆိုင်ရာအေဂျင်စီများအားလုံးကလည်း ၎င်းတို့တာဝန်များကို တင်းတင်းကြပ်ကြပ်ဖြင့်ဆက်လက်ဆောင်ရွက် ရန်လိုအပ်ကြောင်း သူမက အလေးပေးပြောကြားခဲ့သည်။
အထူးသဖြင့် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များအကြား အီး – စီးကရက်သုံးစွဲနေခြင်းများကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်သွားမည်ဟု သူမကဆက်လက်ပြောဆိုခဲ့သည်။
အီး – စီးကရက်အန္တရာယ်နှင့်ပတ်သက်ပြီး ကျောင်းသားများအားပညာပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာရေးဝန်ကြီးဌာနတို့အားညွှန်ကြားထားသည်ဟုလည်းသိရသည်။
အီး – စီးကရက်သောက်သုံးခြင်းကိုခွင့်ပြုသောဝန်ထမ်းများသည် တရားဥပဒေအရအရေးယူခံရမည်ဖြစ်ပြီး အီး – စီးကရက်သုံးစွဲမှုလျှော့ချရေးအတွက် အစိုးရဌာနအားလုံးတွင်တာဝန်ရှိသလို ချမှတ်ထားသောအစီအမံ များအား အကောင်အထည်ဖော်ဆောင်ရွက်သင့်သည်ဟု ဝန်ကြီးချုပ်က အလေးအနက်ပြောကြားခဲ့သည်။
Ref: Thai Enquirer





