ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်းခဲ့ ၄ နှစ် ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက်၌ လွတ်မြောက်ဒေသတနေရာတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား လွှင့်တင်ခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံတော်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား တပ်မှူးတပ်သားများမှ အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား သေနတ်ပစ်ဖောက်၍ အလေးပြုခြင်း၊ ပြည်သူ့ တပ်မတော်သီချင်း သီဆိုခြင်း၊ စစ်ရေးပြ ချီတက်ခြင်းနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ကို ချီတက်အလေးပြုခြင်းနှင့် ခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
၄ နှစ်ပြည့် အခမ်းအနားနောက်ဆုံး အစီအစဉ် အဖြစ်အင်တာနေရှင်နယ်သီချင်းကို သံပြိုင်သီဆို အလေး နီပြုကာ ၄ နှစ်မြောက်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ ကြောင်း သိရသည်။
PLA ကို တပ်သား ၃၂ ဦးဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/ KIA) အခြေစိုက်ရာ လိုင်ဇာမြို့တွင်၂၀၂၁ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင်တပ်သား အင်အား ထောင်ဂဏာန်းအထိ ရှိပြီး စစ်ကိုင်းတိုင်း၊ တအာင်း၊ တနင်္သာရီတိုင်းနှင့် ကိုးကန့် စသည့် စစ်ဒေသ လေးခုတွင် လှုပ်ရှားနေသည်။
အဆိုပါ တပ်သား အင်အား ထောင်ဂဏာန်းတွင် အမျိုးသမီးတပ်သားပါဝင်မှု ၂၀ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရသည်။
မဟာမိတ် ၃ ဖွဲ့ပူးပေါင်း စစ်ဆင်းရေးဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေးတွင်လည်း ပါဝင်ခဲ့ပြီး ၎င်းတို့ အခြေစိုက်ရာ စစ်ဒေသများတွင်လည်း မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးဖော်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု သိရသည်။
ဓါတ်ပုံ – PLA












