ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆောက်လုပ်နေသော ရာမ ၂တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပြိုကျမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား နှစ်ဦးနှင့် ထိုင်းနိုင်ငံသား သုံးဦးသေဆုံးခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ ပြုကျမှုမှာ မတ်လ ၁၅ ရက် နံနက် အစောပိုင် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီးနောက် ၂၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားထားသည်။
သေဆုံးသူ မြန်မာ နှစ်ဦးမှာ ကိုဇင်ကိုအောင်နှင့် ကိုနိုင်လင်းအောင်တို့ဖြစ်ပြီး အသေးစိတ်အချက်အလက်ကို စုံစမ်းနေဆဲဖြစ်သည်။
ပြိုကျမှုဖြစ်စဉ်တွင် ပိတ်မိနေသူများနှင့် ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့များနှင့် ရှာဖွေရေးအထောက်အကူပြုခွေးများသုံးကာ ရှာဖွေရေးများလုပ်ဆောင်ခဲ့ရသည်။
ပုံစာ – ပြိုကျနေသော ရာမ ၂ ဆောက်လုပ်ရေးလုပ်ငန်းခွင်မြင်ကွင်း
ဓါတ်ပုံ – Ruamkatanyu Foundation, CJ











