Development Media Group – DMG သတင်းဌာန၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သော ကိုဇော်ဇော် (ခ) ကိုဇော်မင်းသန့်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်ညပိုင်းတွင် မွေးရပ်ဇာတိ၌ ကွယ်လွန်သွားခဲ့သည်ဟု ကြားသိရပါသည်။
ကိုဇော်ဇော်(ခ)ကိုဇော်မင်းသန့်သည် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)တွင် ပါဝင်လှုပ်ရှားခဲ့ပြီး စစ်အာဏာရှင် ဦးသန်းရွှေလက်ထက်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားတစ်ဦးဖြစ်သည့်အပြင် ရခိုင်ပြည်၏ ပြည်သူလူထူအတွက် ပေါင်းကူးပေးနိုင်သော ဆောင်းပါးများစွာဖြင့် မီးမောင်းထိုးပြနိုင်သော သတင်းသမားတစ်ဦးဖြစ်ခဲ့ပါသည်။
ထိုသို့ နိုင်ငံရေးနယ်ပယ်၊ သတင်းနယ်ပယ်တွင်လုပ်ဆောင်ခဲ့သူ ကလောင်အမည် “ရမ္မာကျော်စော”၊ ကိုဇော်ဇော်(ခ)ကိုဇော်မင်းသန့်အား သံလွင်ခက်အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုသည့်အပြင် ကွယ်လွန်သွားခြင်း အပေါ် ကျန်ရစ်သူမိသားစုများ၊ ဆွေမျိုးတော်စပ်သူများ၊ မိတ်ဆွေများ၊ DMGသတင်းခန်း ဝိုင်းတော်သူ/ဝိုင်းတော်သူများနှင့်ထပ်တူ ဝမ်းနည်းရပါသည်။
ရခိုင်ပြည်အတွက် ကျရာနေရာမှ ပါဝင်ခဲ့သူ ကိုဇော်ဇော် (ခ) ကိုဇော်မင်းသန့်အား ကောင်းရာသုဂတိရောက်ပါစေဟု သံလွင်ခက်မိသားစုမှ ဆုတောင်းအပ်ပါသည်။
သံလွင်ခက်မိသားစု
မတ်လ ၁၅ရက်၊ ၂၀၂၅ ခုနှစ်။
