ကချင်လွတ်မြောက်ရေးတပ် KIAနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ အကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများအား အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ ကူညီ ဖြေရှင်း ပေးရန်အသင့်ရှိကြောင်း ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
၁၉၇၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် KIA နှင့် TNLA တို့ သဘောတူ ချုပ်ဆိုခဲ့သည့် ညီညွှတ်ရေး မဟာမိတ်စာချုပ်တွင် ပါဝင်သည့် “အဖွဲ့အစည်းနှစ်ဖွဲ့ကြား ဖြစ်ပေါ်လာတက်သည့် မည်သည့် ပဋိပက္ခမျိုးကို အဆိုမိတ်ဖက်ပဋိပက္ခဖြေရှင်းနည်းဖြင့်သာဖြေရှင်းသွားမည်” ဟုပါသည့်အချက်အရ ကူညီခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက် တွင်ပါရှိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်နှင့် မန်တုံမြို့နယ် တဝိုက်တွင် KIA နှင့် TNLA တို့ နယ်မြေအငြင်းပွားမှုများ ဖြစ်ပွားလေ့ရှိပြီး မတ်လ ၇ ရက်နေ့၌ TNLA အနေဖြင့် ကွတ်ခိုင်မြို့တွင်ရှိသည့် KIA ဆက်ဆံရေးရုံးအား ဖယ်ရှားရန် မောင်းထုတ်မှုများဖြစ်ပွားခဲ့သည်။
ထိုအငြင်းပွားမှုများအား ဖြေရှင်းရန် လူထု၏ သဘောထားရယူပြီး ဖြေရှင်းဆုံးဖြတ်ချက်ချသွားမယ်ဟု KIO ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က မတ်လ ၈ ရက်နေ့တွင် ၎င်း၏ လူမှုစာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်က မဟာမိတ် KIA နှင့် ဆက်ဆံရေး တင်းမာမှု အခြေအနေများ မကြီးထွားစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားမည်ဟု မန်တုံမြို့နယ်တွင် ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် ပြောခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှစ၍ ရှမ်းမြောက်ပိုင်းတွင်ရှိနေသည့် KIA နှင့် TNLA တို့ကြား အချင်းချင်း နယ်မြေအ ငြင်းပွားမှုနှင့် ဂိတ်စခန်းခွဲဝေမှုများနှင့်ပတ်သတ်၍ စတင်ပြီး အငြင်းပွားမှုများ စတင် ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တပ်သားများ ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့သည်။
ယင်းနောက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် KIA ၏ ရှေ့တန်းဂိတ်စခန်းများအား TNLAက ဖယ်ရှားပေးရန် တောင်းဆိုခဲ့ပြီး KIA တပ်မဟာ ၄၊ အမှတ် ၃၄ တပ်ရင်းလက်အောက်ခံဂိတ်များအား ဝင်ရောက်စီးနင်းခဲ့ပြီး သိမ်းယူခဲ့သည်။
TNLA နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် အခြေစိုက်ပြီး မဟာမိတ်တပ်ဖွဲ့များပူးပေါင်း စစ်ဆင်ရေးဖြစ်သည့် ၁၀၂၇ တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးကုတ်၊ မိုးကုတ်၊သီပေါကျောက်မဲ၊နောက်ချို၊ မိုးမိတ်၊နမ့်ဆန်၊မန်တုံ၊နမ့်ခမ်း၊ကွတ်ခိုင်၊နမ္မတူ၊မိုင်းလုံ၊မိုင်းငေါ့၊သီပေါနမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊မိုးမိတ်နှင့် မန္တလေးတိုင်း ရှိ မြို့နယ်တချို့တို့အား စစ်ကောင်စီထံမှ သိမ်းပိုင်းနိုင်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းလူမျိုးများ၊ ရှမ်းမျိုးနွယ်စုဝင်များ၊တအာင်း၊ပအိုဝ်း၊ ကချင်၊ ချင်း၊ ဗမာနှင့် အခြားသော လူမျိုးစုများ နေထိုင်ကြသည်။
ပုံစာ – TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်က KIA နှင့်ဖြစ်ပွားနေသည့် နယ်မြေ အငြင်းပွားမှုအား ဖြေရှင်းရန် မန်တုံ ဒေသခံများနှင့် တွေ့ဆုံစဉ်
