ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မယ်တော်ဆေးခန်းမိသားစုနှင့် လူမှုအခြေပြုအဖွဲ့အစည်းများပူးပေါင်းကျင်းပသော သက်ကြီးပူဇော်ပွဲကို မယ်တော်ဆေးခန်းတွင် အကျဉ်းချုံးပြုလုပ်ခဲ့သည်။
နှစ်စဉ်ကျင်းပလေ့ရှိသော သက်ကြီးပူဇော်ပွဲသည် လက်ရှိအချိန်တွင် ၁၅ ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငလျင်ကပ်ဘေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် အကျဉ်းချုံးကျင်းပခဲ့သည်ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
ယခုနှစ် သက်ကြီးပူဇော်ပွဲတွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအဖိုးအဖွား ၂၀၀နှင့် ထိုင်းအဖိုးအဖွား ၂၀ တို့အား ငွေကြေးနှင့် လှူဖွယ်ပစ္စည်းများကို အိမ်တိုင်ရာရောက်ပေးအပ်လှူဒါန်းသွားမည်ဟု ကျင်းပရေးဦးဆောင်သူများက ပြောသည်။
၁၅ ကြိမ်မြောက်သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် မယ်တော်ဆေးခန်းမိသားစု၊ အဝေးရောက်ဧရာဝတီအသင်း(OIA)၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့(YCOWA)၊ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)နှင့် Children’s Development Centre (CDC)နှင့် ရွေ့ပြောင်းအလုပ်သမားများပါဝင်ခဲ့ကြသည်။
ဓါတ်ပုံ – သံလွင်ခက်
























