ထိုင်းမြန်မာနယ်စပ်တစ်လျှောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားများကို ဆေးကုပေးနေသည့် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင်ကို ထိုင်းနိုင်ငံမြောက်ပိုင်းရှိ Nareasuan University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in ASEAN Studies) ချီးမြှင့်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ထုတ်ပြန်ချက်အရ သိရသည်။
“Nareasuan University ကနေ နှစ်စဉ် Honorary Doctorate အတွက် သက်ဆိုင်ရာ တက္ကသိုလ်တာဝန်ရှိသူများမှ Nominated (အဆိုပြုတင်ပြခြင်း) လုပ်ပြီး တက္ကသိုလ်ကောင်စီကနေ ရွေးချယ်ပေးအပ်တာဖြစ်ပါတယ်။ ဆရာမကြီးဒေါက်တာနော်စင်သီယာမောင်ကို Faculty of Social Sciences, Nareasuan University က Nominated (အဆိုပြုတင်ပြ) ပေးခဲ့တာဖြစ်ပြီး အာဆီယံ ဒေသတွင်း လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နေတဲ့အပြင် လူမှုအသိုက်အဝန်းအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်စေတဲ့အတွက် ယခုလိုမျိုး ဘွဲ့ပေးအပ်တာဖြစ်တယ်” ဟု တက္ကသိုလ်ဘက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ထိုင်းဘုရင့်နိုင်ငံ ထိုင်းဘုရင့်တော်ဝင်မိသားစု မှ မင်းသမီး Maha Chakri Sirindhorn ကိုယ်တိုင် လာရောက် ချီးမြှင့်ပေးခဲ့သည်ဟု သိရသည်။
ဒေါက်တာနော်စင်သီယာမောင်သည် လူမှုကူညီရေးများအတွက် နိုင်ငံတကာမှ ဆုပေါင်း ၁၈ ဆုထိ ချီးမြှင့်ခံထားရပြီး အရှေ့တောင်အာရှ ရေမွန်မာဂါဆေးဆေး (Southeast Asia’s Ramon Magsaysay Award) ဆု၊ ၂၀၀၃ ခုနှစ် တိုင်းမ်မဂ္ဂဇင်း၏ အာရှသူရဲကောင်းများအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၁၉၉၉ ခုနှစ်တွင် Jonathan Mann Award ကို ပထမဦးဆုံး ချီးမြှင့်ခံရသော အမျိုးသမီးတစ်ဦးလည်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင်လည်း ဩစတြေးလျနိုင်ငံမှ ချီးမြှင့်သည့် ဆစ်ဒနီငြိမ်းချမ်းရေးဆုကို ရရှိထားသူ ဖြစ်သည်။
Photos Credit: NARESUAN
