အမီးလေး။
အာဏာသိမ်းကာလ လေးနှစ်ကျော် အတွင်းမှာ အမျိုးသမီးတွေရဲ့ အခြေခံရပိုင်ခွင့်တွေ အပြင် အမျိုးသမီးတွေ အရပ်သား အစိုးရလက်ထက်ကနေ အခု တော်လှန်ရေးအစိုးရ အထိ တစိုက်မတ်မတ် တောင်းဆိုနေကြတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေနဲ့ ခေါင်းဆောင်ပိုင်း တွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်ပြီးလားဆိုတာကို ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၂ -ဦးဗညားကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ကရင်နီကြားကာလအုပ်ချုပ်ရေးကော်မတီအဖွဲ့မှာအမျိုးသမီးပါဝင်မှုဘယ်လောက်ရှိနေပါပြီလဲ။
ဖြေ။ကရင်နီကြားကာလအစီအမံKSCCမှာရေးသားပြီးတော့အတည်ပြုထားတဲ့ကြာကာလအစီအမံရှိတယ်ပေါ့နော်။အဲဒီကြားကာလအစီအမံအရမှာလည်း အနည်းဆုံးအမျိုးသမီး အဆင့်တိုင်းမှာ အနည်းဆုံး အမျိုးသမီး သုံးဆယ်ရာခိုင်းနှုန်းပါမယ်လို့ပြောထားပြီးတော့ပြီးတော့မှလည်းIECမှာလည်း ဌာနတစ်ခုခြင်းဆီဖွဲ့စည်းတဲ့ နေရာမှာ ဖြစ်စေ ဒီဝန်ထမ်းတွေကို ခန့်အပ်တဲ့နေရာမှာဖြစ်စေ ၃၀ရာခိုင်နှုန်းထက် အများကြီး ကျော်လွန်ဖို့ ရှိပါတယ်။
မေး။ ။ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးနဲ့ တခြား ဦးဆောင်မှုအပိုင်းမှာတွေ ပိုပြီး ပါဝင်လာဖို့
ဘာတွေလုပ်ဖို့ လိုအပ်နေလဲ။
ဖြေ။။အမျိုးသမီးတွေအနေနဲ့နိုင်ငံရေးမှာအနစ်သာရရှိပြီးပါဝင်လာနိုင်တဲ့ပုံစံကိုကြည့်ပြီးကြိုးစားလာတာပေါ့၊ကြိုးစားလည်းကြိုးစားနေတယ်ဖြစ်လည်းဖြစ်သင့်တယ်ဖြစ်လည်းဖြစ်ရမှာပေါ့။တော်လှန်ရေးမှာကြည့်မယ်ဆိုရင်ထိခိုက်နစ်နာသူအများစုကအမျိုးသမီးနဲ့ကလေးတွေဖြစ်တယ်အဲတော့အမျိုးသမီးတွေနဲ့ကလေးတွေရဲ့ခံစားချက်တွေအခြေခံအခွင့်အရေးတွေကာကွယ်နိုင်ဖို့ရန်ဒီပလပ်ဖောင်းမှာပိုပြီးရေချိန်တက်လာဖို့အတွက်သေချာတာတစ်ခုကတော့အမျိုးသမီးကိုယ်တိုင်ကလုပ်နိုင်စွမ်းရှိတယ်ကျွန်တော်တို့အမျိုးသားတွေလုပ်ပေးတာထက်စာရင်အဲဒီအတွက်ကြောင့်မို့ဒီအပေါ်မှာအလေးထားတယ်၊နောက်ပြီးတော့မှပိုပြီးတော့မှာနိုင်ငံရေးမှာပါဝင်ဖို့စွမ်းဆောင်နိုင်ဖို့IECအနေနဲ့လုပ်ထားတာရှိတယ်တချို့အရပ်ဖက်အဖွဲ့အစည်းနဲ့ပေါင်းစပ်ညိုနှိုင်းပြီးတော့မှ အမျိုးသမီးခေါင်းဆောင်မှု သင်တန်းတွေလုပ်ပေးနေတာမျိုးလည်းရှိပါတယ်။ အဲတော့ စဉ်ဆက် မပျက်တော့လုပ်နေတယ်လို့ ပြောလို့ရတာ ပေါ့နော်။ အထူးသဖြင့် နိုင်ငံရေးမှာ အမျိုးသမီးစွမ်းရည် ပိုပြီးမြင့်တက်လာအောင်ပေါ့။
မေး။ ။ ကရင်နီပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေအနေနဲ့ အခွင့်အရေးချိုးဖောက်ခံနေရတာ ရှိပါသလား။
ဖြေ။။ကရင်နီစစ်ဘေးရှောင်မှာအများဆုံးကအမျိုးသမီးနဲ့ကလေးဖြစ်တယ်ပေါ့နော်၊စစ်ရေးနိုင်ငံ ရေးမှာကတော့ဒီလိုမျိုးအချိန်မှာအမျိုးသမီးတွေနဲ့ကလေးတွေရဲ့သူတို့ရဲ့အခြေခံအခွင့်အရေးကပိုပြီးတော့ဆုံးရှုံးတယ်လို့ပြောလို့ရတယ်၊လူမှုစီးပွားရေးမှာပိုပြီးတော့နစ်နာမှုတွေရှိလာတယ်၊လူမှုစီးပွားရေးနစ်နာမှု ဆုံးရှုံးမှုတွေကလည်းအမျိုးသမီးတွေကိုပိုပြီးတော့မှာအကြမ်းဖက်ခံရတဲ့အခြေအနေထဲကိုတွန်းပို့တဲ့ပုံစံမျိုးလည်းရှိပါတယ်၊စစ်ပွဲသဘောသဘာဝအရကလည်းအမျိုးသမီးတွေအပေါ်မှာလိင်ပိုင်းဆိုင်ရာအရအမျိုးသမီးတွေအပေါ်မှာချိုးဖောက်မှုတွေကျူးလွန်မှုတွေအမြစ်ထုတ်မှုတွေပိုများလာတာငြင်းလို့မရပါဘူးဒါကအမှန်တရားဖြစ်တယ် ဒါပေမယ့်အသက်နိုင်ဆုံးဒီဖြစ်ရပ်တွေကိုကာကွယ်တာဖြစ်စေတားဆီးတာဖြစ်စေဥပဒေအ ကြောင်းအရပေါ့။ကာကွယ်ပေးတာတွေဆက်တိုက်တော့လုပ်နေပါတယ်။ဒါပေမယ့်လည်းဒါကကျွန်တော်တစ်ဖွဲ့၊ဒေသတစ်ခုအနေနဲ့ပြီးလို့လုပ်လို့ရတဲ့အရာမဟုတ်ဘူး။ဒါကအားလုံးနဲ့သက်ဆိုင်တဲ့အစီအစဉ်နဲ့အေးချမ်းတည်ငြိမ်တဲ့ ကာလတစ်ခုကို ရောက်ရင်တော့ ပိုပြီးတော့အားကောင်းတာပေါ့။