မြန်မာခွေးအမျိုးအစား အိမ်မွေးခွေးတစ်ကောင်အား တုတ်များဖြင့် ဆက်တိုက်ရိုက်နှက်နေသည့် ရုပ်သံဖိုင်တွင် ပါဝင်နေသူများအား တိရိစ္ဆာန်ချစ်သူများက စုံစမ်းဖော်ထုတ်ကာ တရားစွဲဆိုရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ မတ်လ ၆ ရက်ညပိုင်းတွင် ပို့ဆောင်ခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ မတ်လ ၄ ရက်နေ့လယ်ပိုင်းတွင် လူနှစ်ဦးက အဖြူအဝါစပ်အိမ်မွေးခွေးတစ်ကောင်အား လူနှစ်ဦးမှ တုတ်ဖြင့် ရိုက်နှက်နေသဖြင့် အော်ဟစ်နေသည်ကို မြင်တွေ့သူတစ်ဦးက ရုပ်သံရိုက်ကူးကာ လူမှုကွန်ရက်စာမျက်နှာတွေ ဖော်ပြခဲ့သည်။
၎င်းရုပ်သံအပေါ် တိရိစ္ဆာချစ်သူများအဖွဲ့၊ လမ်းဘေးတိရိစ္ဆာန်များကာကွယ်ရေးအဖွဲ့၊ ခွေးချစ်သူများအဖွဲ့များအပါအဝင် လူမှုကွန်ရက်သုံးစွဲသူများက ဖော်ထုတ်ရန် ချိတ်ဆက်လုပ်ဆောင်ခဲ့ပြီး Myanmar Street Animal Protection အဖွဲ့မှ မဝေဝေမြင့်က ဦးဆောင်က အဆိုပါ ဖြစ်စဉ်မှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၃ရပ်ကွက်အတွင်းဖြစ်ပွားခဲ့သည်ဟု စုံစမ်းနိုင်ခဲ့ကြသည်။
ရုပ်သံတွင်ပါဝင်သောနေရာမှာ မရမ်းကုန်း ၃ ရပ်ကွက်၊ ပါမောက္ခလမ်းရှိ၊ အထည်ချုပ်စက်ရုံးဝန်းအတွင်းဖြစ်ပွားခဲ့သည်ကို သိရှိရပြီး အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ညီဖြစ်သူတို့က အသားစားရန်အတွက် သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံခဲ့ကြသည်။
ဆက်လက်မေးမြန်းရာတွင် ယင်းသို့သတ်ဖြတ်ပေးရန်အတွက် အခကြေးငွေယူကာလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရပြီးနောက် ကျူးလွန်မှုတွင် ပတ်သက်နေသူ ၃ ဦးအပါအဝင် ၎င်းတို့ငါးဦးအား ရပ်ကွက်ရုံးမှ တဆင့် တရားစွဲဆိုရန် လုပ်ဆောင်ခဲ့သည်ဟု ကနဦးသိရှိရသည်။
အဆိုပါ ရုပ်သံကို တယ်လီဂရမ်ချယ်နယ်တွင် ဖော်ပြထားပြီး စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းများ၊ အသံများပါဝင်နေသည်ဟု အထူးသတိပေးလိုပါသည်။