• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ကျေးရွာအတွင်းဒရုန်းဖြင့် ဗုံးသီးကြဲချမှုကြောင့် ၄နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး
နေ့စဉ်သတင်း

ကျေးရွာအတွင်းဒရုန်းဖြင့် ဗုံးသီးကြဲချမှုကြောင့် ၄နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

thanlwinkhetBy thanlwinkhetDecember 24, 2022No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကျေးရွာအတွင်းဒရုန်းဖြင့် ဗုံးသီးကြဲချမှုကြောင့် ၄နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး
********************************
ဒီဇင်ဘာ ၂၃ ၊ ၂၀၂၂ ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးသီးများကို ကြဲချခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၌ ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံး၍ ပြည်သူ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကိုင်းကျေးရွာဘက်မှနေ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြစ်အနောက်ဘက်ကမ်းရှိ မြောင်​မြို့နယ်၊ညောင်ကားယားကျေးရွာအတွင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် လက်နက်ကြီး ၆၀မမ ၃လုံးပစ်ခတ်၍ အတွဲလိုက်အီနာဂါများကို ဒရုန်းဖြင့်နှစ်ကြိမ်ကြဲချခဲ့သည်။

ဒရုန်းဖြင့်နှစ်ကြိမ်ကြဲချတိုက်ခိုက်မှုတွင် မြေးအဘွားနှစ်ဦးတည်းရှိနေသည့် နေအိမ်တစ်လုံးရှေ့ကျရောက်ပေါက်ကွဲခဲ့ပြီး မြေးဖြစ်သူမှာသေဆုံး၍ အဘွားဖြစ်သူမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးအဖွဲ့ CDSOM မှ တာဝန်ရှိသူ ကိုနွေဦး − မြောင်က သံလွင်ခက်ကိုပြောသည်။

၎င်းက” ဒရုန်းနဲ့ပစ်တော့ သူတို့အိမ်ရှေ့ချတာဆိုတော့ ကလေးကတော့ ဦးခေါင်းနောက်စိထိခိုက် ပြီး၊ဆေးကုသမှုပေးဖို့သွားချိန်လမ်းမှာသေဆုံးသွားတာ။အဘွားကတော့နံရိုးတွေနဲ့ရင်ဘက် တွေ ထိခိုက်သွားတယ်စိုးရိမ်ရတဲ့အနေအထားဆိုပေမဲ့ အတတ်နိုင်ဆုံးကုသပေးနေပါတယ် ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ မြောင်မြို့နယ် ၊ ညောင်ကားယားကျေးရွာအတွင်းကို လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကိုနွေဦး-မြောင်က ဆက်လက်ပြောကြားသည်။

လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက် ၆၀အရွယ်အဘွားတစ်ဦးနှင့် ၁၆နှစ်အရွယ်လူငယ်အမျိုးသားအပါအဝင် ဒေသခံပြည်သူ ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကနေပစ်လို့ စစ်ကောင်စီဘက်က ပြန်ပစ်တာမျိုးဆိုရင်တော့ သူပစ်လို့ ကိုယ်ပစ်တာဆိုပြီး ပြောလို့ရတာပေါ့။ အခုဟာက ရွာထဲကို လက်နက်ကြီးတွေနဲ့ရော၊ဒရုန်းတွေနဲ့ရော အကြိမ်ကြိမ်လာပစ်တယ်ဆိုတာကတော့ပြည်သူတွေနဲ့ ရွာတွေကိုဘဲ သီးသန့်လာပစ်တယ်လို့ဘဲ ကျွန်တော်ပြောရမှာပဲ ” ဟု ကိုနွေဦး-မြောင်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေသောကြောင့် မြောင်မြို့နယ်တွင် အရပ်သားပြည်သူများ မကြာခဏထိခိုက်မှုရှိနေကာ ပြီးခဲ့သည့် နို၀င်ဘာလပိုင်းတွင်လည်းလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ရှောင်များကို ထမင်းချက်ကျွေးနေသည့် စားဖိုမှူးနှစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Articleမြဝတီမြို့မီးလောင်မှုအသက် ၇၀ ကျော် အဘိုးနှင့် အဘွားသေဆုံး
Next Article မြန်မာ့အရေးအတွက် ထောက်ပံ့သွားမယ့် NDAA ဥပဒေကို သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုး၊ The Burma Act ဥပဒေ စတင်အသက်ဝင်လာ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.