• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»၄ နှစ်တာ ကာလအတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင် ၂၀၀ ကျော် ကျဆုံး
တိုက်ပွဲသတင်း

၄ နှစ်တာ ကာလအတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင် ၂၀၀ ကျော် ကျဆုံး

thanlwinkhetBy thanlwinkhetDecember 30, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက် 
ဒီဇင်ဘာ ၃၀၊ ၂၀၂၄။

ချင်းညီနောင်တပ်ဖွဲ့ဝင်တို့၏ တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း တပ်ဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၅၀ ဦး ကျဆုံးခဲ့ပြီး လူဦးရေ ၁,၀၀၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ ချင်းညီနောင် တစ်နှစ်ပြည့် အခမ်းအနားကျင်းပစဉ် CDF မင်းတပ်၏ စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်ဖေ က ပြောသည်။

ချင်းညီနောင်အဖွဲ့သည် ကျင်ဒွေးမြို့၊ ကန်ပက်လက်မြို့၊ မတူပီမြို့ အပါအဝင် မင်းတပ်မြို့ စသည့် မြို့ ၄ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

ထို့ပြင် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် ပလက်ဝမြို့အပါအဝင် စစ်ကိုင်းတိုင်း ခမ်းပတ်မြို့တို့မှ စစ်ကောင်စီတပ်၏ တပ်စခန်းပေါင်း ၃၀ ကျော်ကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်ဟု CDF မင်းတပ်၏ စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်ဖေ က ပြောသည်။

“ချင်းညီနောင်” ဆိုသည်မှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က ဇိုမီးဖက်ဒရယ်အစည်းအရုံး – ZFU/ PDF Zoland၊ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNO/ CNDF နှင့် ချင်းအမျိုးသားကောင်စီ / ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) – CNC Mindat/ CDF Mindat တို့ စုဖွဲ့ပြီး “ချင်းညီနောင်” ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

ထို့နောက် တစ်လအကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ – MTC/ MDF တို့က ချင်းညီနောင် အဖွဲ့ဝင်အဖြစ်ပါဝင်ကြောင်း ထပ်မံ ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) – CDF Kanpetlet ရှိ တပ်ရင်း ၇ ရင်းမှ တပ်ရင်း ၅ ရင်းသည် ချင်းညီနောင်အဖွဲ့တွင် ပါဝင်ခဲ့ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) – CDF Matupi (B – 1) တို့လည်း ချင်းညီနောင် အဖွဲ့ဝင်များ ဖြစ်ခဲ့သည်။

တစ်နှစ်အကြာ ချင်းညီနောင်အဖွဲ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့အပါအဝင် ညီနောင်မဟာမိတ်အဖြစ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် – ULA/ AA အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ယောနယ်အတွင်းက တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း မဟာမိတ်အဖြစ် လက်တွဲကာ တိုက်ပွဲများ ဖော်ဆောင်လျက်ရှိပြီး ချင်းညီနောင်သည် တိုက်ပွဲပေါင်း ၁,၀၀၀ ကျော်တွင် ပါဝင်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ယနေ့ ချင်းညီနောင် တစ်နှစ်ပြည့်အခမ်းအနားတွင် အာရက္ခတပ်တော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မိန့်ခွန်းပြောကြားရန် အစီစဉ်ရှိခဲ့သော်လည်း အရေးကြီးမီတင်ကြောင့် ပျက်ကွက်ခဲ့ကာ အမျိုးသားညီညွတ်ရေး အစိုးရ – NUG အဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလ နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်များတက်ရောက်ကာ မိန့်ခွန်းများ ပြောကြားခဲ့သည်။

လက်ရှိ ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး – CNF ဦးဆောင်သည့် ချင်းတော်လှန်ရေးအင်အားစုများနှင့် ဖွဲ့စည်းထားသည့် ချင်းလဲန်းကောင်စီ – CC နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ- ICNCC လက် အောက်ရှိ ချင်းညီနောင် အဖွဲ့ ဟူ၍ နှစ်ဖွဲ့ တည်ရှိသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဒီးမော့ဆိုအရှေ့ခြမ်းဒေသတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကျင်းပ
Next Article အာရက္ခတပ်တော်ကို ဘာကြောင့် အလေးအနက်ထားသင့်တာလဲ?
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.