ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ခြမ်းဒေသတွင် ကရင့်သက္ကရာဇ် ၂၇၆၄ ခုနှစ် ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာလ ၃၀ ရက်နံနက်ပိုင်း၌ ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်နီပြည် တာဝန်ရှိသူများ၊ ကရင်မျိုးနွယ်စု ခေါင်းဆောင်များနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ ကျင်းပခဲ့ကြသည်။
နံနက်အစောပိုင်းတွင် ကရင်အမျိုးသားအလံတော်တင်ခြင်း၊ အလေးပြုခြင်း၊ ကျဆုံးခဲ့သော ကရင်အာဇာနည်များအား အလေးပြုခြင်း၊ ကရင်အမျိုးသားသီချင်းရွတ်ဆိုခြင်း၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပခြင်း၊ အားကစားပြိုင်ပွဲကျင်းပခြင်းနှင့် အလံတော်ပြန်လည်ပို့ဆောင်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။