သံလွင်ခက်
ဒီဇင်ဘာ ၂၇၊ ၂၀၂၄။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် တိုက်ပွားများကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလတွင် စစ်ကောင်စီတပ်သား ၁၁၈၉ ဦးသေဆုံးခဲ့ပြီး ၅၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပေါင်း ၄၇၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅၄ဦး ဖမ်းဆီးခံခဲ့ရသည်။
ရခိုင်ဒေသတွင် ၁၇၅ ကြိမ်နှင့် တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ၁၁၁ ကြိ မ် နှင့် မကွေးတိုင်းတွင် ၈၉ ကြိမ် ဖြစ်ပွားခဲ့သည်။
ထို့ပြင် နိုဝင်ဘာလအတွင်း ကချင်လွတ်လပ်ရေးတပ်-KIA က ဖီမော်မြို့နှင့် ကန်ပိုက်တီမြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက သတ်မှတ်ထားသည့် ကချင်အထူးဒေသ-၁ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း ဉာဏ်လင်းသစ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၂၇၅ဦး သေဆုံးခဲ့ပြီး ၄၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမည်မသိ အဖွဲ့အစည်းများကြောင့်လည်း အရပ်သား ၁၅၉၇ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
ပုံစာ-မင်းပြားမြို့နယ်တွင် အာရက္ခပ်တော်က ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)