မိုးငယ်
နိုဝင်ဘာ ၂၂၊ ၂၀၂၄။
မြန်မာ့ရိုးရာလက်ဝှေ့ခုံဒိုင်ချုပ်တစ်ဦးဖြစ်တဲ့ ဦးဒေါင်းနီဟာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်မှာ ကျောက်ကပ်ဝေဒနာနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ မိသားစုတွေထံက သိရပါတယ်။
ဦးဒေါင်းနီ ကွန်လွန်ချိန်မှာ အသက် ၇၃ နှစ်အရွယ်ရှိနေပါပြီ။ သူရဲ့ နာရေးအစီအစဉ်ကို အမှတ် ၃၇(က)၊ မြစံပယ်လမ်း၊ ၉ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်မှာ ပြုလုပ်မှာဖြစ်ပြီး လာမဲ့ နိုဝင်ဘာ ၂၄ ရက်မှာ ရေဝေးသုဿာန်မှာ သဂြိုလ်သွားမယ်လို့ သမီးငယ်ဖြစ်သူ မသီတာစိုးက ပြောပါတယ်။
ဦးဒေါင်းနီဟာ မြန်မာ့ရိုးရာလက်ဝှေ့ကို ၁၉၇၀ ခုနှစ်ပိုင်းမှာ ထိုးသတ်ခဲ့တာဖြစ်ပြီး အလံလုပွဲပေါင်းရာချီထိုးသတ်ခဲ့သူဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနမှာ ပြောဆိုခဲ့ဖူးပါတယ်။
အဲဒီအချိန်တွေတုန်းက မတိုးတက်သေးတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေမှာ ရွှေခါးပတ်လုပွဲမရှိသေးဘဲ ကြားပွဲ၊ ဒုတိယအလံ၊ တတိယအလံ၊ စတုတ္ထအလံ လုပွဲဆိုတာမျိုးပဲ ရှိခဲ့တာပါ။
ကွယ်လွန်သူ ဦးဒေါင်းနီအတွက် နာရေးကူငွေတချို့ကို အောက်ပါဖုန်းနံပါတ်ကတစ်ဆင့် စိတ်ချစွာကူညီနိုင်ပါတယ်။
မသီတာစိုး- ၀၉၇၉၆၇၂၀၃၄၈ (Kpay)
ဓာတ်ပုံ- ဦးစိုင်းဇော်ဇော်