နိုဝင်ဘာ ၁၁၊ သံလွင်ခက်
မန္တလေးတိုင်း၊ မိတ္ထီလာအခြေစိုက် စစ်ကောင်စီတပ်စခန်းများဖြစ်သော ရှမ်းတဲလေတပ်စခန်းနှင့် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်နေရာများသို့ နိုဝင်ဘာ ၁၁ ရက်နံနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းများဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေဿခံများထံမှ သိရှိသည်။
နံနက် ၄နာရီမှ ၄ နာရီ ၄၀ မိနစ်အတွင်း အဆိုပါနေရာများမှ ဆက်တိုက်ပေါက်ကွဲသံများထွက်ပေါ်ခဲ့သည်ဟု မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။
“လက်ရှိမှာက ရုံးတချို့ပိတ်တယ်လို့ပြောတယ်။ ဒရုန်းအစီး ၂၀ ဝန်းကျင်နဲ့တိုက်ခိုက်ခဲ့လာလို့လည်း သိရတယ်။ လေယာဉ်အပိုပစ္စည်းဓိုဒေါင်တွေကိုလည်း ထိတယ်လို့ ပြောနေကြတယ်” ဟု ၎င်းးက ပြောသည်။
ရှမ်းတဲလေတပ်သည် ရှမ်းတဲကျေးရွာအနီးရှိ လေကြောင်းအတတ်သင်လေတပ်စခန်းတစ်ခုဖြစ်ပြီး တပ်မခ ၉၉ ခြေမြန်တပ်မဌာနချုပ်သည် မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း လက်အောက်ခံတပ်ရင်းများကို ကွပ်ကဲနေသော တပ်စခန်းများဖြစ်သည်။
ပျက်စီးဆုံးရှုံးမှုနှင့် မြေပြင်အခြေအနေများကို သံလွင်ခက်အနေဖြင့် ဆက်လက်စုံစမ်းမေးမြန်းလျက်ရှိသည်။