သံလွင်ခက်
အောက်တိုဘာ ၂၁၊ ၂၀၂၄။
မြန်မာ- ရုရှားနှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ရန်နှင့် ချစ်ကြည်ရေးခရီးလည် ပတ်ရန်ဟုဆိုကာ ရုရှားစစ်သင်္ဘော ၄ စင်းသည် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ယမန်နေ့က ရောက်ရှိခဲ့သည်ဟု စစ်ကောင်စီ၊ သတင်းစာမြန်မာ့အလင်းက ဖော်ပြထားသည်။
ရုရှားနိုင်ငံ၏ပစိဖိတ်ရေတပ်သင်္ဘောအုပ်စုမှ ရေတပ်အရာရှိ Antsiferov Alexey Vitalievich ဦးဆောင်သော စစ်ရေယာဉ် romky, Rezky နှင့် Tsydenzhapov တို့အပါအဝင် Pechenga ထောက်ပံ့ပို့ဆောင်ရေးရေယာဉ်တို့ပါဝင်သည်ဟု ဖော်ပြထားသည်။
ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အတွင်း ပြုလုပ်ခဲ့သည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် ရုရှားဖျက်သင်္ဘောသုံးစင်းနှင့်အတူ ရုရှားစစ်သည် ၈၀၀ ခန့်ပါဝင်ခဲ့သည်။
ရုရှားစစ်သင်္ဘောများသည် နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ၊ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများပြုလုပ်သွားမည်ဟုသာ စစ်ကောင်စီကဖော်ပြထားပြီး ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မှုရှိမရှိကို အတိအလင်း ထုတ်ပြန်ထားခြင်းမရှိပေ။
ယခုအောက်တိုဘာလ ၂၀ ရက်မှ ၂၄ ရက်အတွင်း စစ်ကောင်စီရေတပ်သည် တနင်္သာရီတိုင်း မြိတ်မြို့ အနောက်ဘက် မိုင် ၈၀ ကျော်အကွာ ပင်လယ်ပြင်တွင် ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်မှုကိုပြုလုပ်နေပြီး ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် ကျည်အစစ်ဖြင့် လက်တွေ့ပစ်ခတ်မှုများပါဝင်နေသည်။
အခုနှစ်အတွင်း ရုရှားနိုင်ငံသည် မြန်မာနှစ်နိုင်ငံနှင့်ပူးပေါင်း၍ အကြိမ်ပေါင်း ၅၀ ကျော် ပူးတွဲစစ်ရေးလှုပ် ရှားမှုများပြုလုပ်ရန်စီစဉ်ထားသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ကြေညာထားသည်။
ဓာတ်ပုံ- CINCDS