သံလွင်ခက်
အောက်တိုဘာ ၂၁၊ ၂၀၂၄။
လားရှိုးမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိသည့်စစ်သုံ့ပန်းမိသားစုဝင် ၃၁ ဦးကို မြန်မာအမျိုးသားဒီမိုက ရက်တစ်မဟာမိတ်တပ်မတော်- MNDAA က ပြန်လွှတ်ပေးခဲ့သည်ဟု The KoKang ယူကျု့ချန်နယ် တွင် ယမန်နေ့ကထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့တွင် စစ်ကောင်စီစစ်သုံ့ပန်းမိသားစု ၃၁ ဦးကို နေရပ်ပြန်နိုင်ရေးအတွက်စည်းရုံးခဲ့ပြီး အောက်တိုဘာ ၁၉ ရက်တွင် နေရပ်ပြန်ရန် စည်းရုံးမှုဒုတိယအဆင့်ကို အကောင်အထည်ဖော်ခဲ့ကာ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်သုံ့ပန်းမိသားစု ၃၁ ဦးကို စစ်ဘေးကြားခံဇုန်သို့ ဘေးကင်းစွာပို့ဆောင်ပြီးနောက် မဟာမိတ်တပ်၏ရှေ့တန်းအရာရှိများနှင့် စစ်သားများသည် အာဏာသိမ်းတပ်၏ ထိန်းချုပ်နယ်မြေများသို့ မော်တော်ယာဉ်များဖြင့် သွားလာရန် စီစဉ်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် စစ်သုံ့ပန်းမိသားစုဝင်များအတွက် စားနပ်ရိက္ခာနှင့် တည်းခိုခပြဿနာအချို့ကိုဖြေရှင်းရန်အတွက် သက်ဆိုင်ရာခရီးစရိတ်ကိုလည်း ထုတ်ပေးခဲ့သည်။
လားရှိုးမြို့လွတ်မြောက်ရေးတိုက်ပွဲအပြီးတွင် ရန်သူမိသားစုဝင်အားလုံးကို နေရပ်ပြန်ပို့ရန် ဆောင်ရွက်ခဲ့ကြသော်လည်း စစ်သုံ့ပန်းများကို ဂရုစိုက်သောကြောင့် မိသားစုဝင်အနည်းငယ်က နေရပ်ပြန်ရန်ငြင်းဆိုခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ- The Kokang ဗီဒီယီု စခရင်ရှော့။