ခင်သရဖီဦး
စက်တင်ဘာ ၂၅၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မအီ-လုံးတော်ပေါက်တံတားအနီးရှိ အာရက္ခတပ်တော်- AA ၏ စစ်ရေးဆေးဂိတ်ကို ယမန့်နေ့ စက်တင်ဘာလ ( ၂၄) ရက်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်ကြိမ်ကြဲခဲ့သည်ဟု ULA နှင့်နီးစပ်သည့် မအီဒေသခံတစ်ဦးကပြောသည်။
”လူတွေလည်း ထိခိုက်တာတော့မရှိဘူး။ ဒဏ်ရာရတာလောက်ပဲ ရှိတယ်။ ဗုံးကြဲတာကို ရှောင်ရင်း နဖူးကွဲသွားတယ်” ဟု ၎င်းက ဆိုသည်။
ယမန်နေ့ ည ( ၁၁) နာရီခွဲဝန်းကျင်တွင် လုံးတော်ပေါက်တံတားအနီးကို စစ်ကောင်စီမှ ၅ မိနစ်ခြားစီဖြင့် နှစ်ကြိမ်ဗုံးကြဲခြင်းဖြစ်ပြီး လူသေဆုံးမှုမရှိခဲ့သော်လည်း အဆောက်အအုံတစ်ခု ပျက်စီးခဲ့သည်။