ခင်သရဖီဦး
စက်တင်ဘာ ၂၅ ၊၂၀၂၄။
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ တန်းလွဲရွာမနှင့် ကျောက်ဆိပ်ကျေးရွာတို့ကို စစ်ကောင်စီက ယမန့်နေ့ စက်တင်ဘာ ၂၄ ရက်ညပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ည ၇ နာရီခွဲတွင် တန်းလွဲရွာမရဲစခန်းအနီးနှင့် ကျောက်ဆိပ်ကျေးရွာကို ဗုံး ၁ လုံးစီ ကြဲချခဲ့ခြင်းဖြစ်ပြီး တန်းလွဲရွာမမှ ဒေသခံ ၂ ဦးသေဆုံးကာ ကျောက်ဆိပ်ရွာမှ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ဂျက်ဖိုက်တာနဲ့လာပြီး ဗုံးကြဲတာပါ။ ရွာမရဲစခန်းအနီးအနားက အိမ်ကို တစ်လုံးကျတယ်ပေါ့။ နောက်တစ်ဖက်တစ်ကမ်းမှာရှိတဲ့ ကျောက်ဆိပ်ရွာကို တစ်လုံးကျတယ်” ဟု ၎င်းကဆိုသည်။
ဗုံးဒဏ်ကြောင့် နေအိမ်တချို့ထိခိုက်ပျက်ဆီးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာ နီးစပ်ရာဆေးခန်းတွင် ဆေးကုသမှုခံလျက်ရှိသည်ဟု သိရသည်။
“အိမ်တွေလည်း တော်တော်များများ ပျက်စီးသွားတယ်။ ရဲစခန်းကလည်း အများကြီး ပျက်စီးသွားတယ်လို့သိရပါတယ်။ တော်တော်တော့ စိုးရိမ်းကြတာပေါ့ ဒေသခံတွေက” ဟု အထက်ပါ တောင်ကုပ်ဒေသခံက ဆက်ပြောသည်။
တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA အကြား စစ်ရေးတင်းမာနေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်လျက်ရှိသည်။
ဓာတ်ပုံ – One Nation news