နန်းဆုပန်ခန့်
စက်တင်ဘာ ၁၇၊ ၂၀၂၄။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့သို့ ရွှေ့ပြောင်းလာပြီး စက်တင်ဘာ ၁၃ ရက်က ပျောက်ဆုံးခဲ့သည့် မြန်မာနိုင်ငံမှစိတ်ကျန်းမာရေးဝေဒနာခံစားသူ အမျိုးသားတစ်ဦးကို ပြန်လည်တွေ့ရှိပြီဖြစ်သည်ဟု တာဝန်ရှိသူများနှင့် နီးစပ်သူထံမှ သိရသည်။
အသက် ၃၂ နှစ်အရွယ် ကိုမျိုးလွင်ဦးကို ယမန်နေ့ စက်တင်ဘာလ ၁၆ ရက် နေ့လည် ၁ နာရီကျော်အချိန်တွင် ထိုင်း- မြန်မာနယ်စပ်၊ ကျောက်ခက်မြို့တွင် ပြန် လည်တွေ့ရှိခြင်းဖြစ်သည်ဟု အနောရီရီဝင်းကပြောသည်။
၎င်းက “ဒီဘက်ခြမ်း ထဆိုင်းဂိတ်ကို ကူးသွားတယ်။ ဟိုဘက်က တာဝန်ရှိသူကနေပြီးတော့ ကေအဲန်ယူရဲလက်ထဲကို အပ်လိုက်တယ်။ အဲ့ကလူတွေက အနော ပုံတင်ထားတာတွေ့တော့ အနောကို လာခေါ်ဖို့ ဖုန်းခေါ်လာတယ်လေ” ဟု ဆို သည်။
လက်ရှိတွင် ကိုမျိုးလွင်ဦးမှာ နေအိမ်သို့ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု သိရသည်။
ဓါတ်ပုံ – ပေးပို့။ ပုံစာ – ပြန်လည်တွေ့ရှိသည့် ပျောက်ဆုံးသူ အသက် ၃၂ နှစ်အရွယ် ကိုမျိုးလွင်ဦး။