ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ထိန်းချုပ်ထားရာ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်း၃ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာတစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု KRUက ယနေ့တွင်သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်များသည် ကုန်းသာကျေးရွာသို့ ယခုလ ဒီဇင်ဘာ၆ရက်တွင် ညဘက်အချိန်မတော်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ညသန်း ခေါင်ယံနီးကပ်ချိန် ၁၁း၄၅ နာရီတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် KRU၊ KGZ ပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲသည် ၁ရက်တာအထိတိုက်ပွဲ ပြင်းထန်ခဲ့ ပြီး လူအင်အား၊ လက်နက်အင်အား မမျှတ၍ နောက်သို့အနည်းငယ်ပြန်ဆုတ်ထားရသည်ဟု KRUကဖော်ပြထားသည်။
အဆိုပါပြင်းထန်တိုက်ပွဲအတွင်း၌ ကရင်နီပူးပေါင်းတပ်ဘက်မှ ရဲဘော်၅ဦးပျောက်ဆုံးခဲ့ရာ ရဲဘော် ၄ဦးကို ဒဏ်ရာများဖြင့် ရှာဖွေပြန်ခေါ် ထားခဲ့သည်။
ရဲဘော်တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ယနေ့ ၃ ရက်မြောက်နေ့အထိရှာဖွေနေဆဲဖစ်သည်ဟု KRUက ထုတ်ပြန်ထားသည်။
ကုန်းသာကျေးရွာတိုက်ပွဲ၌ ကရင်နီပူးပေါင်တပ်မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှလည်း မိုင်းများ နင်းမိ၍ ၄ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်။ထို့ပြင် အနီးကပ် ပစ်ခေတ်မှုအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးအောင်တိုက်ခိုက်ထားနိုင်ခဲ့သော်လည်း လက်နက်အင်အားမမျှ၍ နောက်ဆုတ်ပေးလိုက်ရသည့် အခြေအနေနှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေတို့ကြောင့် ကျည် ၊ခဲယမ်းများ YAUNG NI fundraising page ကနေတစ်ဆင့်အမြန်ဆုံးကူညီပေးကြရန် KRUက မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီတပ်များ လနှင့်ချီတပ်စွဲထားခဲ့သော ဒီးမော့ဆို ကုန်းသာကျေးရွာ၊ သေးဆူလဲ ကျေးရွာများတကျောကို ကရင်နီတပ်များက ပြီးခဲ့သောနိုဝင်ဘာလကုန်ပိုင်း၍ ထိုးစစ်ဆင်ခဲ့ရာ နယ်မြေများ ပြန်လည်ရရှိပြီးထိန်းချုပ်နိုင်ခဲ့သည်။
တပ်ဆုတ်ခွာပေးလိုက်ရသည့် စစ်ကောင်စီတပ်က ဝေဟင်ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ယခုဒီဇင်ဘာလဆန်းပိုင်း၌ ပြန်လည်ထိုးစစ်ဆင်နေရာ ဒီးမော့ဆို၌ ထိတွေ့တိုက်ပွဲများပြင်ထန်ဖြစ်ပွားနေခြင်း ဖြစ်သည်။
( KRU တပ်ဖွဲ့ဝင်များထံလှူဒါန်းလိုသူများ
အနေဖြင့် YAUNG NI fundraising page https://www.facebook.com/102673478554871/posts/516243047197910/?mibextid=Nif5ozသို့ ဆက်သွယ်မေးမြန်းနိုင်သည်)