• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်
  • ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော
  • NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်
  • မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း
  • မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား
  • ကရင်နီပြည်တွင် စားနပ်ရိက္ခာရှားပါးမှု ပိုမိုဆိုးရွားလာ
  • စစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ပါဝင်သည့် မြို့နယ်စာရင်းထုတ်ပြန်
  • ရန်ကုန်တွင် ပြင်းအား ၅ ဒဿမ ၄ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»တပ်မဟာ ၅ နယ်မြေ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ၌ KNLA တပ်ဖွဲ့ဝင်တချို့ထိခိုက်ကျဆုံး
တိုက်ပွဲသတင်း

တပ်မဟာ ၅ နယ်မြေ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ၌ KNLA တပ်ဖွဲ့ဝင်တချို့ထိခိုက်ကျဆုံး

thanlwinkhetBy thanlwinkhetDecember 8, 2022No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို တိုက်ခိုက်ခဲ့သည့်တိုက်ပွဲအတွင်း၌ KNLA တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျဆုံးမှုများရှိခဲ့သည်ဟု သိရသည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ မဲဝိုင်၊ လယ်တိုး၊ ခေါပုတ် စခန်းများကို KNLAနှင့်ပူးပေါင်းတပ်ဖွဲ့များက ယခုလဒီဇင်ဘာ၆ရက် နံနက်အစောပိုင်းတွင် တပြိုင်နက် တည်းတိုက်ခိုက်ခဲ့သည်။

” တပ်မဟာ(၅)စခန်း(၃)လုံးတပြိုင်ထဲတက်သိမ်းတိုက်ပွဲမှာ အနိုင်ရရှိပေ​မယ့် ကျဆုံးမှုတွေရှိပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်အသက် ပေးရတာဂုဏ်ယူလေးစားပါတယ်KNLAရဲဘော် ကောင်းရာဘဝရောက်ပါစေ “ဟု ကေအဲန်ယူတပ်ဖွဲ့ဝင်များကို ထောက်ပို့ပေးနေသူ ကရင်အမျိုးသားတစ်ဦးက ဖော်ပြထားသည်။

KNLA တပ်ဖွဲ့ဝင်များ ကျဆုံးမှုကို ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများနှင့်တကွ ဝမ်းနည်းကြောင်း ဖော်ပြထားသည့် ၎င်းက အဆိုပါစခန်းသိမ်းတိုက်ပွဲ၌ KNLA တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ရသည်ဟု သံလွင်ခက်၏မေးမြန်းမှုကို ဖြေကြားသည်။


KNLA တပ်ဖွဲ့ဝင်များနှင့်နီးစပ်သည့် အသက်နှစ်ဆယ်ကျော်အရွယ် ကရင်အမျိုးသမီးတစ်ဦးကလည်း တပ်မဟာ ၅ ၌ စစ်ကောင်စီစခန်း ၃ လုံးကိုတိုက်ခိုက်ခဲ့ရာ KNLA ဘက်မှ ကျဆုံးမှုရှိကြောင်း ကြားသိရသည်ဟု ပြောကြားသည်။

အဆိုပါ စစ်ကောင်စီစခန်းများတိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံး၍ လက်နက်ခဲယမ်းများပါ သိမ်းည်းရမိခဲ့သည်ဟု ကရင်ဒေသခံတချို့က ဖော်ပြနေကြသော်လည်း ကေအဲန်ယူ တပ်မဟာ ၅ ဘက်မှ ယနေ့ ဒီဇင်ဘာ ၈ရက် ၊ နေ့လည် ၃ နာရီအချိန်ထိ အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပေ။

ထိုတိုက်ပွဲအခြေအနေ၊ KNLA တပ်ဖွဲ့ဝင်များထိခိုက် ကျဆုံးမှုအခြေအနေများနှင့်ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ ပြောရေးဆိုခွင့်ရှိသူထံ သံလွင်ခက်က ယမန်နေ့နှင့် ယနေ့တို့၌ နှစ်ကြိမ် ဆက်သွယ်မေးမြန်းထားခဲ့ရာ ရှေ့တန်းမှသတင်း အချက်အလက်များ အတိအကျမရသေး၍ ဖြေဆိုရန်ခက်ခဲနေသည်။

” အဖိုးလည်းသတင်းအတိအကျမရသေးတော့ပြောပြလို့မတတ်သေးဘူး။ စခန်းတက်တာဘဲကြားတယ်ဘယ်စခန်းနဲ့အခြေအနေဘယ်လိုရှိတယ်မသိရသေးဘူး “ဟု ၎င်းကပြောသည်။

စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း ကေအဲန်ယူတပ်မဟာ ၅ ၏ မူတြော်ခရိုင်သတင်းစဥ်က ယမန်နေ့တွင် စစ်ကောင်စီတပ်က တပ်မဟာ ၅နယ်မြေအတွင်းရှိ ကျေးရွာများသို့ ဂျက်တိုက်လေယာဥ်များဖြင့် ဗုံးသီး ၁၄ လုံး လာရောက်ကြဲချပြီး ၁၂၂ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်းရှိကျေးရွာများသို့ စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် ပြည်သူများ ထိခိုက်မှုမရှိခဲ့သော်လည်း တိရိစ္ဆာန်များထိခိုက်ဒဏ်ရာရ၍ လယ်ယာ၊ဥယျာဥ်များပျက်စီးခဲ့ရသည်ဟု မူတြော်သတင်းစဥ်က ဖော်ပြထားသည်။

ပြီးခဲ့သော နိုဝင်ဘာလတွင် မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်နယ်မြေအတွင်း၌ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၁၁၆) ကြိမ်ဖြစ်ပွား ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်များဘက်မှ (၆၉) ဦးသေဆုံးပြီး (၅၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုကသတင်းထုတ်ပြန်ထားသည်။

ကေအဲန်ယူဗဟိုက ပြီးခဲ့သော နိုဝင်ဘာလအတွက် သတင်းထုတ်ပြန်မှု၌ တပ်မဟာ ၁မှ တပ်မဟာ ၆ အထိ တပ်မ၆ ခုတို့တွင် တိုက်ပွဲပေါင်း ၂၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၃၃၃ ဦးသေဆုံးကာ ၂၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ကေအဲန်ယူတပ်မဟာ၆ ခုတို့၌ ပြီးခဲ့သောနိုဝင်ဘာလ အတွင်းတိုက်ပွဲများတွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်မှ ၃၀ ဦးကျဆုံးခဲ့ရပြီး ၆၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကေအဲန်ယူတပ်မဟာ၃ နယ်မြေ၌ စစ်ကောင်စီ ရိက္ခာကားကိုမိုင်းဆွဲတိုက်ခိုက်ပြီးထိတွေ့တိုက်ပွဲဖြစ်
Next Article ဒီးမော့ဆိုကုန်းသာရွာ၌ တစ်နေကုန်တိုက်ပွဲပြင်းထန်ပြီး လက်နက်အင်အားမမျှ၍ ကရင်နီတပ်များ နောက်ဆုတ်ပေးရ
thanlwinkhet
  • Website

Related Posts

ပေါက်မြို့နယ်အတွင်း ဗုံး ၄၀ ကြဲခံရ၍ ပြည်သူ ထိခိုက်သေဆုံးမှုရှိ

August 20, 2025

မာနယ်ပလောစခန်းသိမ်းတိုက်ပွဲဝင် ရဲဘော်များအား KNLA ဗဟို ဂုဏ်ပြု

August 20, 2025

ကျိုက်ထိုမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ချ၍ ‌ဒေသခံ ထိခိုက် သေဆုံး

August 19, 2025

Leave A Reply Cancel Reply

Recent Posts

  • DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်
  • ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော
  • NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်
  • မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း
  • မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်

ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော

NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်

မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်

August 23, 2025

ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော

August 23, 2025

NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်

August 23, 2025

မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း

August 22, 2025

မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား

August 22, 2025

ကရင်နီပြည်တွင် စားနပ်ရိက္ခာရှားပါးမှု ပိုမိုဆိုးရွားလာ

August 22, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.