သံလွင်ခက်
စက်တင်ဘာလ ၁၃၊၂၀၂၄။
ကရင်နီပြည် (ကယားပြည်နယ်) အခြေစိုက် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဆေးဌာနမှ ဆေးသင်တန်းသား ၁၈ ဦး သင်တန်းလေ့ကျင့်ရေးပြုလုပ်စဉ် မတော်တဆဖြင့် သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့- KNDF က ယနေ့ စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက် ညနေတွင် အဆိုပါဆေးသင်တန်းများသည် တောင်ကျချောင်းတစ်ခုကို ဖြတ်ကျော်ရန်ကြိုးစားရာတွင် ရေထဲမျောပါ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
သေဆုံးသူများနှင့်ပတ်သက်ပြီး သတင်းတချို့သိရှိရန် သံလွင်ခက်မှ KNDF ၏ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပေ။
ယခုကဲ့သို့ မတော်တဆဖြစ်စဉ်တွင် ဆုံးရှုံးခဲ့ရသည့်အတွက် KNDF အနေဖြင့် သက်ဆိုင်ရာမိသားစုဝင် များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ဝမ်းနည်းကြောင်းဖော်ပြထားပြီး ထိုဖြစ်စဉ်နှင့်ပတ်သတ်သည့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။
ပုံစာ-KNDFတပ်ဖွဲ့ဝင်များ မြင်ကွင်း။ ဓာတ်ပုံ-KNDF