သံလွင်ခက်
စက်တင်ဘာ ၁၂၊ ၂၀၂၄။
ယခုနှစ် ဩဂုတ်လအတွင်း အာဏာသိမ်းစစ်တပ်မှ ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၄၁ ဦးသည် လက်နက်မျိုးစုံ ၁၈ လက်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထံ ခိုလှုံခဲ့သည်ဟု NUG က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် အရာရှိအဆင့် ဒုဗိုလ်မှူးကြီး (၃) ဦး၊ ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၂) ဦး၊ ဗိုလ် (၃) ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၁) ဦးသည် ပြည်သူ့ရင်ခွင်တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ကာ ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ယင်းတပ်သားများထဲတွင် စစ်မှုထမ်းအမိန့်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများပါဝင်သည်ဟု ဖော်ပြထားသည်။
အဆိုပါ (၄၁) ဦးတွင် လက်နက်နှင့်တကွ ခိုလှုံလာသူများကို ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ချီးမြှင့်ငွေများ ပေးခဲ့သည်ဟု ဖော်ပြထားသည်။
ပုံ- NUG