သံလွင်ခက်
စက်တင်ဘာ ၁၂၊ ၂၀၂၄။
မြန်မာ့ရိုးရာလက်ဝှေ့ကစားသမား ထွန်းထွန်းမင်းက သူဘဝရဲ့ပထမဆုံး မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရေဘေးသင့်ပြည်သူတွေအတွက် လေလံတင်ရောင်းချသွားမယ်လို့ ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။
“ဒီခါးပတ်ကိုရရှိဖို့ ကျွန်တော့ရဲ့အသက်နဲ့ ရင်းပြီးကြိုးစားခဲ့သလို ကျွန်တော်တန်ဖိုးထားမြတ်နိူးတဲ့ ခါးပတ်ဖြစ်နေပေမယ့်လည်း ရေဘေးသင့်ပြည်သူတွေနဲ့ယှဥ်လာတဲ့အခါ ကျွန်တော့မှာ ခံနိုင်ရည်မရှိတော့ပါဘူး။ ဒါ့ကြောင့် ကျွန်တော့အနေနဲ့ ဒီခါးပတ်ရဲ့လေလံပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်” လို့ ထွန်းထွန်းမင်းက သူ့ရဲ့ဖေစ့်ဘွတ်ခ်လူမှုကွန်ရက်ကနေ အသိပေးလိုက်ပါတယ်။
လေလံတင်ရောင်းချပွဲမှာ ဈေးအများဆုံးပေးနိုင်သူကို ခါးပတ်ပေးအပ်သွားမှာဖြစ်ပြီး ရရှိလာတဲ့ အလှူငွေကိုလည်း အကုန်လှူတန်းသွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။
ရေဘေးသင့်ပြည်သူတွေကို သူနဲ့အတူ လှူဒါန်းနိုင်ရန် လေလံပွဲမှာ ပါဝင်ဆင်နွဲဖို့ အောက်ပါဖုန်းနံပတ်က တစ်ဆင့် ဖိတ်ခေါ် ထားပါတယ်။
ဆက်သွယ်ရန်ဖုန်း- +95 09778888833
ဓာတ်ပုံ- ထွန်းထွန်းမင်းဖေစ့်ဘွတ်ခ်