သံလွင်ခက်
စက်တင်ဘာလ ၁၀၊၂၀၂၄။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် တယ်ပင်ကျောအုပ်စုရှိ စဥ့်ကူးကျေးရွာအုပ်ချုပ်ရေးမှူး သက်ကြီး (ခ) သက်အောင်ကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖို၏ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ သည်ဟု ယင်းအဖွဲ့က ယနေ့တွင်ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာ ၉ ရက် နံနက် ၇ နာရီခန့်တွင် တောင်သုံးလုံးဘုရားနှင့် စဥ့်ကူးကျေးရွာကြားတွင် အဆိုပါအုပ် ချုပ်ရေးမှူးအား စောင့်ကြိုပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ မိုလ်ဘိုင်းဖုန်းတစ်လုံး၊ ငွေကျပ်တစ်သိန်းနှင့် စစ်မှု ထမ်းဟောင်းကတ်ပြားတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ထို့နောက် နံနက် ၉ နာရီခန့်တွင် အလောင်းကောက်ရန်လာသော ပျူစောထီးအဖွဲ့တချို့နှင့် ပြောက်ကျားတပ်ဖွဲ့တို့ အပြန် အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး ပျူစောထီး ၂ ဦး ထပ်မံသေဆုံးခဲ့သည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုသက်ကြီး (ခ) သက်အောင်သည် အတင်းအကြပ်ခြိမ်းခြောက်စစ်မှုထမ်းရန် လူစု ပေးခြင်း၊ စစ်ကောင်စီထံ ထောက်လှမ်းသတင်းပို့ခြင်းများ လုပ်ဆောင်နေသည့်အတွက် ယခုလို ပစ်ခတ်ရှင်းလင်းခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ- စဥ့်ကူးကျေးရွာ အုပ်ချုပ်ရေးမှူး ကိုသက်ကြီး(ခ)သက်အောင်ထံမှ သိမ်းဆည်းရရှိသော ပစ္စည်းများ။ ဓာတ်ပုံ- မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ။