ပြီးခဲ့သောနိုဝင်ဘာလတွင် ကော်သူလေးအုပ်ချုပ်နယ်မြေအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်များဘက်မှ ထိခိုက်သေဆုံးမှုများခဲ့သည့်အပြင် ကရင်ကာကွယ်ရေးတပ်များဘက်မှလည်း ၃၀ ဦးကျဆုံးခဲ့ရသည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူလေး အုပ်ချုပ်နယ်မြေအတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ် (BGF) တပ်များက စစ်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်နေသည့်အတွက် ပြီးခဲ့သော နိုဝင်ဘာလအတွင်း၌ တိုက်ပွဲများနေ့စဥ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် စစ်ကောင်စီ၊ BGF တပ်တို့ နိုဝင်ဘာလအတွင်း၌ တိုက်ပွဲပေါင်း ၂၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၃၃၃ ဦးသေဆုံးကာ ၂၃၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့တွင် ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သောနိုဝင်ဘာလတွင် သထုံခရိုင် တပ်မဟာ (၁) အုပ်ချုပ်နယ်မြေအတွင်း၌ တိုက်ပွဲကြီး၊တိုက်ပွဲငယ်ပေါင်း (၃၃) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များဘက်မှ (၄၄) ဦးသေဆုံးကာ (၄၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။
ထို့ပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ စစ်ကောင်စီတပ်အသုံးပြုသော စစ်ကား (၁၁) စီးအားလည်းဖျက်ဆီး နိုင်ခဲ့သည်။
နယ်ခြားစောင့်တပ် (BGF-1014) မှ တပ်သားတစ်ဦးမှာ လက်နက်အပြည့် အစုံဖြင့် အလင်းဝင်လာခဲ့သည်။
နိုဝင်ဘာလတွင် တောင်ငူခရိုင် တပ်မဟာ (၂) အုပ်ချုပ်နယ်မြေအတွင်း၌ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီတပ်များဘက်မှာ (၅၃) ဦးသေဆုံးခဲ့ပြီး (၁၀) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့ပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့မှ အာဏာသိမ်းစစ်ကောင်စီအသုံးပြုသော စစ်ကား (၃) စီးအားလည်း ဖျက်ဆီး နိုင်ခဲ့သည်။
ညောင်လေးပင်ခရိုင် တပ်မဟာ (၃) အုပ်ချုပ်နယ်မြေအတွင်း၌ နိုဝင်ဘာလတွင် တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီးအာဏာ သိမ်းစစ်ကောင်စီတပ်များဘက်မှ (၄၀) ဦးသေဆုံးခဲ့ပြီး (၂၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ စစ်ကောင်စီ၏ တပ်စခန်း (၃) လုံးအား တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးစစ်ကား (၁) စီး ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။
နိုဝင်ဘာလတွင် မြိတ်−ထားဝယ်ခရိုင်တပ်မဟာ(၄) အုပ်ချုပ်နယ်မြေအတွင်း၌လည်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၄၁) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်များဘက်မှ (၄၈) ဦးသေဆုံးပြီး (၂၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ အာဏာသိမ်းစစ်ကောင်စီအသုံးပြုသော စစ်ကား (၆) စီး အားလည်း ဖျက်ဆီးနိုင်ခဲ့သည်။
မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်နယ်မြေအတွင်း၌ လည်း နိုဝင်ဘညလတွင် တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၁၁၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်များဘက်မှ (၆၉) ဦးသေဆုံးပြီး (၅၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့မှ စစ်ကောင်စီအသုံးပြုသော စစ်ကား (၁) စီး နှင့် စစ်ကောင်စီတပ်များသီးသန့်အသုံးပြုသော ဖုန်းတာဝါတိုင် (၁) တိုင် ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။
ဒူးပလာယာခရိုင် တပ်မဟာ (၆) အုပ်ချုပ်နယ်မြေအတွင်း၌ ပြီးခဲ့သောနိုဝင်ဘာလတွင်လည်းတိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၅၃) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်များဘက်မှ (၇၉) ဦးသေဆုံးကာ (၈၀) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ် ရေး တပ်ဖွဲ့ (KNDO) တို့မှ စစ်ကောင်စီတပ်၏ ရဲစခန်း (၂) လုံးအား တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး ရဲ (၄) ဦးကိုလည်း တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိခဲ့သည့်အပြင် ဝေါလေရဲစခန်းမှ ရဲ (၂) ဦး အား မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်သား (၂) ဦးမှာလက်နက်ပြည့်အစုံ ဖြင့် အလင်းဝင်လာခဲ့သည်။
ပြီးခဲ့သောနိုဝင်ဘာလအတွင်း၌ ကေအဲန်ယူတပ်မဟာ ၆ ခု၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၌ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်မှ (၃၀) ဦးကျဆုံးခဲ့ရပြီး (၆၈) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။