သံလွင်ခက်။
ဩဂုတ် ၃၀ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို တရုတ်ကသတိပေးထုတ်ပြန်လိုက်သည်။
ဩဂုတ်လ ၂၉ ရက်စွဲဖြင့် ရွှေလီမြို့ နိုင်ငံတော် လုံခြုံရေးကော်မတီ၏ ပေးပို့စာတွင် တရုတ်ပြည်နယ်စပ်ဒေသအေးချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသားအသက်၊ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိစစ်ရေးအပြုအမူကို ပပျောက်အောင် ဆောက်ရွက်ရမည်။သို့မဟုတ်ပါက ဖြစ်ပေါ်သည့်အကျိုးဆက်များ အားလုံးကို ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်သည်ဟု ရေးသားထားသည်။
ထို့အပြင် တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းရေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ကာ ကွဲလွဲမှုများကို ညှိနှိုင်းဖြေရှန်အတွက် အမြန်ဆုံး ပူးပေါင်းမည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ သတိပေး ထုတ်ပြန်ချက်ဖြင့်ပတ်သက်၍ TNLA အနေဖြင့် ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ဩဂုတ်လ ၂၇ ရက်စပြီး ၃ ရက်ကြာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က မြန်မာ – တရုတ်နယ်စပ်တွင် ကြည်းတပ်နှင့် လေတပ် စစ်ရေးလေ့ကျင့်နေသည့်အချိန်၌ ယခုကဲ့သို့စာ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။