သံလွင်ခက်။
ဩဂုတ် ၂၇ ၊ ၂၀၂၄။
ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းဌာနချုပ်အား “Rain of Fire” စစ်ဆင်ရေးဖြင့် ဩဂုတ် ၂၆ ရက် ညနေ ၃ နာရီခွဲအချိန်တွင် တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ယမန်နေ့၌ ထုတ်ပြန်ထားသည်။
အဆိုပါ လေတပ်စခန်းအား တောင်ပိုင်းစစ်ဒေသ JOC ၏ ညွှန်ကြားမှု၊ အမှတ်(၂ ) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် 114mm ရှော့တိုက်ဒရုန်းများ၊ ကာမီကာဇေဒရုန်း Kamikaze drone များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သောကြောင့် ဌာနချုပ်အတွင်း ထိခိုက်၊ သေဆုံး ပျက်ဆီးမှုများ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိမှုများလည်းရှိပြီး ပျက်စီးမှုများကိုလည်း အတည်ပြုနေဆဲဖြစ်သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“Rain of Fire” စစ်ဆင်ရေးကို စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝါ် နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာ၂ KNLA တပ်ရင်း(၅)) တပ်မဟာ (၂)အထူးတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတာ် တောင်ငူခရိုင် အမှတ်၂တပ်ရင်း (၃၅၀၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။